
စစ်ဆေးရေးဂိတ်စောင့် စစ်ကောင်စီတပ်သား တဦး မိမိကိုယ်ကိုယ် သေနတ်နဲ့ပစ်ခတ်အဆုံး-စီ-ရင်
ဇူလိုင်လ ၂၆ ရက်
ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်မှာ ဇူလိုင်လ ၂၅ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်သား တဦး မိမိကိုယ်ကိုယ် အဆုံး -စီ-ရင်ခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ်။
အ.ထ.က (၁) ကျောင်ကြီးအနီး တမံကြီး စစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်သားတဦးဟာ မိမိကိုယ်ကိုယ် သေနတ်နဲ့ ပစ်ခတ်ပြီး အဆုံး- စီ-ရင်ခဲ့တာလို့ သိရပြီး တမံကြီးလမ်းပိုင်းကို ခတ္တပိတ်ထားကာ လူနာတင်ယာဥ်နဲ့ အလေ-ာင်းကို အချိန်အတော်ကြာမှ လာရောက်သယ်ယူသွားကြတယ်လို့ သိရပါတယ်။
“စစ်မှုထမ်းပေါ်တာအဆွဲခံထားရတဲ့ စစ်သားလို့လည်း ပြောတယ်။ တပ်ထဲကပြေးမရလို့လည်းပြောတယ်။ ဖြစ်စဥ်ကတော့ အသေးစိတ် မသိသေးဘူး။ စစ်သားသေတဲ့သတင်းကတော့ ဟုတ်တယ် ” လို့ ခရမ်းမြို့ဒေသခံတဦးက မြို့တော်ကို ပြောပါတယ်။
အခင်းဖြစ်ပွားပြီး ခရမ်းမြို့ စီမံအဖွဲ့က စစ်ကောင်စီ ဗိုလ်တဦး နဲ့ နောက်လိုက်တွေပါလာတဲ့ အိမ်စီးကား ၂ စီး ရောက်လာပြီး အချိန်အတော်ကြာထိ လုံခြုံရေးတာဝန်အတူကျခဲ့တဲ့ ရဲဘော်တွေကို စစ်ဆေး မေးမြန်းတာတွေလည်း ပြုလုပ်ခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ထွက်ပြေးပါက မိသားစုကိုပါ ဖမ်းဆီးအရေးယူမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ဥပဒေကြောင့် စိတ်ဖိစီးမှုတွေ များလာပြီး အခုလို အဆုံး-စီ-ရင်မှုတွေထိ ဖြစ်ကုန်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတချို့က သုံးသပ်ပြောဆိုကြပါတယ်။
#myotawnpt
#HlaingInfo
Leave a Reply