စစ်ရေးဦးစီးချုပ်

(PDO/PDA) စစ်ဦးစီး‌ရေးချုပ်တာဝန်ခံ ရဲဘော် နဂါး ကျဆုံး😢💔🥀

ဇူလိုင်လ ၂၀ ရက်

ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA) ရဲ့ စစ်ဦးစီးရေးချုပ် တာဝန်ခံ ရဲဘော် နဂါးဟာ ဆိပ်ဖြူမြို့နယ်ဘက် စစ်ဆင်ရေးတစ်ခုမှာ ကျဆုံးသွားခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ထံက သိရပါတယ်။

(PDO/PDA) စစ်ဦးစီးရေးချုပ် တာဝန်နဲ့လည်းကောင်း၊ ညီညွတ်ရေးတပ်ပေါင်းစုကို မျှော်ရည်တဲ့ အမှတ် (၈) စစ်ကြောင်းရဲ့ သက်တမ်း ၃ကြိမ်လုံးမှာ စစ်ကော်မရှင်အဖွဲ့ဝင်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်နေတာတဲ့ ရဲဘော် နဂါးဟာ ဇူလိုင်လ ၁၇ရက်က ဆိပ်ဖြူမြို့နယ်ဘက်က တိုက်ပွဲမှာ ကျဆုံးခဲ့တာ ဖြစ်ပါတယ်။

“ရန်သူ့ဘန်ကာကို တက်ရှင်းတဲ့အချိန်မှာ ကျသွားတာပါ။ သူက တပ်ကို စတည်ဆောက်ကတည်းက ပါလာတဲ့ ရဲဘော်ဆိုတော့ ကျနော်တို့ တပ်တော်ရဲ့ အရမ်းကို အားကိုးအားထားရတဲ့ ရဲဘော်ကြီးပါ။ တပ်တော်ရဲ့ စစ်ဦးစီးရေးချုပ် တာဝန်ယူထားသူပါ” လို့ PDA ရဲ့ စစ်ရေးတာဝန်ခံ ရဲဘော်အုပ်စိုးက မောင်းကို ပြောပါတယ်။

ကျဆုံးရဲဘော် နဂါးဟာ သူရဲကောင်းဆန်မှု၊ စွန့်လွှတ်စွန့်စားမှု၊ သတ္တိပြည့်ဝမှုတို့နဲ့အတူ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့အတွက် ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA) အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်သလို ကျန်ရစ်သူ မိသားစုတွေနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ဆိုထားပါတယ်။

ရဲဘော် နဂါးရဲ့ ကျဆုံးမှုဟာ သမိုင်းမှတ်တမ်းတင် ကျန်ရှိနေမှာဖြစ်ပြီး ရဲဘော်ရဲ့ ကိုယ်ခန္ဓာ မရှိတော့သည့်တိုင် ရဲဘော်ရဲ့ တော်လှန်စိတ်ကတော့ ကျန်ရစ်ရဲဘော်တွေရဲ့ နှလုံးသားထဲမှာ အမြဲရှင်သန်နေမှာဖြစ်ကာ အလေးနီပြုပါကြောင်း ထုတ်ပြန်ထားပါတယ်။

ပုံစာ – အမိန့်ပြန်တမ်း ဖတ်နေသည့် PDA တပ်ဖွဲ့ဝင်တစ်ဦး (ပုံဟောင်း)

Be the first to comment

Leave a Reply

Your email address will not be published.


*