
ယင်းမာပင် ခရိုင် PDF တပ်ရင်း (၂) ရင်းကို တပ်ရင်း (၁) ရင်းတည်း အဖြစ်ပေါင်းစည်း
ဇူလိုင်လ ၂၆ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ယင်းမာပင် ခရိုင် တပ်ရင်း (၂) ရင်းကို တပ်ရင်း (၁) ရင်း တည်းအ ဖြစ်ပေါင်းစည်းလိုက်တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
“ယင်းမာပင် ခရိုင်တပ်ရင်း၂၈ ယင်းမာပင် ခရိုင် တပ်ရင်း၃၁နှစ်ရင်း တစ်ရင်း ပေါင်းလိုက်ပါပြီ။” လို့ယင်းမာပင် ခရိုင် တပ်ရင်း (၂၈) ရဲ့ ဗိုလ်စွမ်း (ဓားမဆိုင်း) က ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် ယင်းမာပင် ခရိုင် တပ်ရင်း (၂၈) နဲ့ တပ်ရင်း (၃၁) တို့က တပ်ရင်း (၁) ရင်းတည်းအဖြစ် ပေါင်းစည်း လိုက်တယ်လို့ သက်ဆိုင်ရာ တပ်ရင်းတို့မှ ပူးတွဲ အသိပေးချက်ကို ဇူလိုင် ၂၅ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။
အညာဒေသတပ်ရင်းများ ဖောင်းပွနေတာကို လျှော့ကျစေရန် နဲ့ စုစည်းညီညွတ်စွာ ဘုံရန်သူကို အားကောင်းကောင်းနဲ့ တိုက်ထုတ်ရန် ပေါင်းစည်းလိုက်တာလို့ နှစ်ဖွဲ့ပေါင်းပြီး ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ကနေ အသိပေးထားပါတယ်။
#PVTV
#HlaingInfo
Leave a Reply