 
ရွှေပြည်သာမြို့နယ် ၇ ရပ်ကွက်ရုံးကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု ထိခိုက်ဒဏ်ရာရရှိသူများရှိ
ရန်ကုန်၊ အောက်တိုဘာ ၃၀
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် ၇ ရပ်ကွက်ရုံးတွင် မဲဆွယ်စည်းရုံးရေးအတွက် လုံခြုံရေးပေးရန် အစည်းအဝေးလုပ်နေစဉ် လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ရာ အုပ်ချုပ်ရေးမှူး အပါအဝင် ပျူစောထီး ၃ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း Yangon Army မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ရွှေပြည်သာမြို့ နယ် ၇ ရပ်ကွက်ရုံးတွင် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများက မဲဆွယ်စည်းရုံးရေးအတွက် လုံခြုံရေးပေးရန် အစည်းအဝေးလုပ်နေစဉ် တော်လှန်ရေး ရဲဘော်များက လက်ပစ်ဗုံး ၂ လုံးပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အုပ်ချုပ်ရေးမှူး အပါအဝင် ပျူစောထီး ၃ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ရပ်ကွက်ရုံးကို လူနာတင်ကားများရောက်ရှိလာကာ လာရောက် သယ်ဆောင်သွားကြောင်း သိရှိသည်။
“ဒီကောင်တွေ မဲဆွယ်စည်းရုံးရေးလုပ်ရင်း လုံခြုံရေးယူဖို့ လူစုနေကြတဲ့အချိန်မှာ ကွက်တိကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့တာပါ။ လူနာတင်ကားတွေ အလုပ်ရှုပ်နေကြတယ်။ အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ ဝင်ပျူစောထီး ၃ ကောင် ပြင်းထန်ဒဏ်ရာရတယ်။ သေနိုင်တယ်လို့တော့ သိရတယ်” ဟု Yangon Army မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Yangon Army (YA) နှင့် Mother Son Yangon Force အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီနှင့် ပတ်သက်သော ပစ်မှတ်များ၊ အကြမ်းဖက် စစ်ကောင်စီ ပြုလုပ်မည့် တရားမ၀င်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီးပါ၀င်လုပ်ကိုင်နေကြသောသူများကို ဆက်လက်၍ အပြင်းအထန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး Shwe Pyi Thar Information အဖွဲ့က ပေါက်ကွဲမှု ဖြစ်ပွားသည်ကို မသိရှိကြောင်း ထုတ်ပြန်ထားသည်။


Leave a Reply