မန္တလေး အခြေအနေဆိုးနေပြီ

မန္တလေးတွင် စစ်တပ်က ပြည်သူများ၏ နေအိမ်များကို ကျူးကျော်ဟုဆိုကာ တောက်လျှောက် ဖျက်ဆီးနေ

ရန်ကုန်၊ အောက်တိုဘာ ၃၀

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေကြည်တော်ကုန်းရပ်ကွက်၊ အကွက်အမှတ် ၅၁၆ – က ၊ ဦးပိုင် အကွက်အမှတ် ၁၅၆ -က ၊ ၁၅၆ – ခ အတွင်းရှိ ပြည်သူ့နေအိမ်များကို ကျူးကျော်ဟုဆိုကာ ဖျက်ဆီးသွားကြောင်း အိမ်ဖျက်ဆီးခံရသော ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့က တစ်ကြိမ်၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့က တစ်ကြိမ် နှင့် ယခုအောက်တိုဘာလ ၁ ရက်နေ့က တစ်ကြိမ် စာပို့ခြိမ်းခြောက်ပြီးနောက် အောက်တိုဘာ လ ၂၉ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း ကိုယ့်အိမ်ကို အပြီးဖျက်ဆီးရန်၊ ထိုသို့ မဖျက်ဆီးပါ က ဘိုဒိုဇာဖြင့် လာရောက်ဖျက်ဆီးမည်ဟု ရပ်ကွက်အတွင်းလိုက်အော်ကာ ခြိမ်းခြောက်ခဲ့ကြောင်း၊ ယင်းနောက် အောက်တိုဘာလ ၂၉ ရက်နေ့တွင် နေအိမ်များကို စစ်တပ်နှင့်စည်ပင်က ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

“ စစ်တပ်ရယ် ၊ ငွေတော်ကြည်ကုန်းအုပ်ကြီးရယ်၊ ရပ်ကွက်ထဲက ဇိုးတွေရယ်ပေါင်းပြီး လုပ်နေတာ၊ ဟိုတစ်ခေါက်က သတင်းတွေဟော့သွားတော့ ငြိမ် ပြီး ဒီတစ်ခေါက် ထပ်လုပ်နေတာပါ။” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။

အဆိုပါ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေကြည်တော်ကုန်းရပ်ကွက်၊ အကွက် အမှတ် ၅၁၆ – က ၊ ဦးပိုင် အကွက်အမှတ် ၁၅၆ -က ၊ ၁၅၆ – ခ တွင် ပြည်သူများမှာ ဘိုးဘွားအစဉ်အဆက် နေထိုင်လာကြ သူများဖြစ်ပြီးကျူးကျော်နေထိုင်ကြသူများ ယခုအခါရပ်ကွက်မှာ ရေ၊ မီးအပြည့်အစုံဖြင့် စည်ကား လာပြီဖြစ်သောကြောင့် လုပ်ငန်းရှင်များက စစ်တပ်အရာရှိများ၊ စည်ပင်အရာရှိများ၊ ရပ်ကွက်အုပ် ချုပ်ရေးမှူး၊ ရပ်ကွက်ပျူစောထီးများနှင့်ပူးပေါင်းကာ မတရားသိမ်းယူနေခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြည်သူ့နေအိမ်များကို ဖျက်ဆီးရန် ငွေကြည်တော်ကုန်းရပ်ကွက်အုပ် ချုပ်ရေးမှူးက သိန်း ၁၀၀၀ ကျပ်၊ အကွက်အမှတ် ၅၁၆ အုပ်ချုပ်ရေးမှူး စံမတူ သိန်း ၅၀၀ ကျပ်ရရှိထားပြီး ပြည်ကြီးတံ ခွန်မြို့နယ်၊ စစ်တပ်လက်အောက်ခံ လူဆိုးခေါင်းဆောင် စံရှား၊ စံရှားလက်အောက်ခံ နှုတ်ခမ်းမွှေး၊ သန့်ဇင် ၊ အောင်ကိုဇော်၊ ငမျိုးတို့လည်း ခွဲတမ်းရယူထားကြောင်း သိရသည်။

အောက်တိုဘာလ ၁၁ ရက်နေ့ကလည်း မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၈၆လမ်း ရွှေတစ်ချောင်းဘေးရှိ အိမ် များ၊ တိုက်များကိုလည်း စစ်တပ်နှင့် စည်ပင် က ဖျက်ဆီးခဲ့သည်။

အောက်တိုဘာလ ၁၆ ရက်နေ့တွင်လည်း အောင်မြေသာစံမြို့နယ် ၈၆လမ်း ၉လမ်း ၁၀လမ်းကြားမြောင်းအရှေ့ကပ်လျက် ရှိအိမ်များနှင့် ၈ လမ်း ၈၆လမ်းမှ နေအိမ်များကို စစ်တပ်နှင့်စည်ပင်က ကျူးကျော်ဟုဆိုကာ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*