ကောင်းလိုက်တဲ့သတင်း

ညောင်လေးပင်တွင် စစ်တပ် လှည့်ကင်းကို စနိုက်ပါဖြင့် ပစ်ခတ်မှု စစ်သား ၁ ဦးသေဆုံး၊ သဲကုန်း တွင် ဖောကားဖြင့် ထွက်လာသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

ရန်ကုန်၊ စက်တင်ဘာ ၈

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ မဒေါက်​-ရွှေကျင်လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ် လှည့်ကင်းကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Fire Dragon အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် ညောင်လေးပင်မြို့နယ်၊ မဒေါက်​-ရွှေကျင်လမ်းပိုင်းရှိ စစ်တပ်၏ တာပြတ်ဂိတ်စခန်းနှင့် ရေကြည်ချောင်း ဂိတ်စခန်း အကြားတွင် ကင်းလှည့်ရန် ထွက်လာသော အကြမ်းဖက် စစ်သားများကို Fire Dragon အဖွဲ့က စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁ ဦး ပွဲချင်းပြီး သေဆုံးကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ညောင်လေးပင် မဒေါက်​-ရွှေကျင်လမ်းပိုင်း တာပြတ်ဂိတ်စခန်းနဲ့ ရေကြည်ချောင်း ဂိတ်စခန်း အကြားမှာ ကင်းပတ် ထွက်လာတဲ့ စစ်ခွေးတွေကို စနိုက်ပါနဲ့ ပစ်ခတ် တိုက်ခိုက်တာ ခွေး ၁ ကောင်သေတယ်” ဟု Fire Dragon အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ပဲခူးတိုင်း၊ သဲကုန်းမြို့ပေါ်မှ ဖောကားဖြင့် ထွက်လာသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း ပြည်ခရိုင် ပကဖ စစ်ရေးတာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၃ ရက်နေ့တွင် သဲကုန်းမြို့ TTC ၁ လမ်းမှ ဖောကား ၃ စီးဖြင့် ထွက်လာသော အင်အား ၇၀ ခန့်ပါ စစ်ကြောင်းကို ပြည်ခရိုင် ပကဖ တိုက်ခိုက်ရေးအဖွဲ့က ရုန်းပင်တက်ရွာ အနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၆ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဒဏ်ရာရရှိသူများကို သဲကုန်းမြို့သို့ ပို့ဆောင်ပြီး အင်အား ၅၀ ခန့်ဖြင့် ထပ်မံ စစ်ကြောင်းထိုးခဲ့ကြောင်း သိရှိရသည်။

ယင်း စစ်ကြောင်းသည် ရုန်းပင်တက်ရွာမှ နေအိမ် ၄ လုံး၊ ကြက်ခွဲရွာမှ နေအိမ် ၂ လုံးနှင့် ကြက်တိုက်ရွာမှ နေအိမ် ၅ လုံးတို့ကို မီးရှို့ ဖျက်ဆီးသွားကြောင်း သိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*