သမိုင်းရေထိုးမယ့် နေ့သစ်ရောက်ပြီ

နွားထိုးကြီးနှင့် မလှိုင်မြို့နယ်တို့တွင် စစ်တပ် စစ်ကြောင်းများကို ၁ လကြာ ပိတ်ဆို့ တိုက်ခိုက်မှု ဗိုလ်မှူး ကျော်မင်း အပါအဝင် စစ်သား ၃၇ ဦးသေဆုံးပြီး ၉ ဦး အရှင်မိကာ လက်နက်မျိုးစုံ ၄၀ ကျော်၊ ဒရုန်းနှင့် jammer များ သိမ်းဆည်းရရှိ

ရန်ကုန်၊ အောက်တိုဘာ ၂၃

မန္တလေးတိုင်း၊ နွားထိုးကြီးနှင့် မလှိုင်မြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၁ လကြာပိတ်ဆို့ တိုက်ခိုက်ရာ ဗိုလ်မှူး ကျော်မင်း အပါအဝင် စစ်သား ၃၇ ဦးသေဆုံးပြီး ၉ ဦး အရှင်မိကာ လက်နက်မျိုးစုံ ၄၀ ကျော်၊ ဒရုန်းနှင့် jammer များ သိမ်းဆည်းရရှိခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်းနှင့် မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်း မှ ပြောရေးဆိုခွင့်ရှိသူ ဆရာစိုးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် နွားထိုးကြီးမြို့နယ်၊ ရန်ကင်းဘုရားမှ မြိုင်သာကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးလာသော အင်အား ၂၀၀ ခန့်ပါ စစ်တပ် စစ်ကြောင်းကို မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်း ၊ မြစ်သား (ပကဖ) တခြားမဟာမိတ်တပ်ဖွဲများက ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိုထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် တပ်သား ၇ ဦးနှင့်အထက် သေဆုံးခဲ့ကြောင်း၊ ထို့ပြင် တိုက်ပွဲအတွင်း စစ်သား အလောင်း ၁ လောင်း နှင့် MA-5 သေနတ် ၁ လက်အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် နွားထိုးကြီးမြို့နယ် ၊ မြိုင်သာရွာကို မီးရှိဖျက်ဆီးပြီး နွားထိုးကြီးမြိုနယ် ၊ ဒိုင်းလည်ရွာ အနီးကို ဦးတည်စစ်ကြောင်းထိုးလာသော အင်အား ၂၅၀ ခန့်ပါ စစ်ကြောင်းကို မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်းနှင့် အတူ မဟာမိတ်ပူးပေါင်းအဖွဲများဖြစ်သော မြစ်သား (ပကဖ) ၊ မြင်းခြံခရိုင် (Drone) တပ်ဖွဲ့များက ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီကျော် ကြာမြင့်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်တပ် စစ်ကြောင်းက အထိနာပြီး ဖွဲ့စည်းပုံပျက်၍ စစ်ဦးလှန်သွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်းမှ အကြမ်းဖက် စစ်တသား ၄ ဦးကို အရှင်ဖမ်းမိပြီး စစ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရှိရသည်။

ထိုတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ထံမှ ငါးကြင်းမှီး (၁)လက်၊ MA-11 (၃)လက်၊ G-3 (၂)လက်၊ MA-1 (၁)လက်၊ M79 (၁)လက်၊ MA-5(၂)လက်၊ Drone (၂)စီး၊ ကျည်မျိုးစုံ (၃၃၁၂)တောင့်၊ ၄၀မမ (၃)လုံး၊ ၆၀မမ (၇)လုံး၊ RPG (၁)ဖူး၊ drop bomb (၄)ဖာ၊ ပိုယမ်းတောင့် (၁၁)တောင့်၊ လက်ပစ်ဗုံး(၁၂)လုံး၊ အီနာဂါ (၁)လုံး၊ ကျည်ဘောက်(၂၁)ဘောက်၊ ကတ်သီး (၁၃) ခု ၊jammer ကား (၁)စီး ၊ ကား (၃)စီး တို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၉ ရက်နေ့တွင် မလှိုင်မြို့နယ် ၊ နှောကန်ရွာ ဘက်မှ မလှိုင်မြိုနယ် ၊ အိမ်ကြီးတောရွာ ဘက်သို့ စစ်ကြောင်းထိုးလာသော အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းကို မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် (၁၀)တပ်ရင်းက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းထိတွေ့ တိုက်ပွဲသည် အောက်တိုဘာလ ၁၂ ရက်နေ့ထိ ၄ ရက်ဆက် ဖြစ်ပွားခဲ့ပြီး ထို တိုက်ပွဲအတွင်း မလှိုင်မြို့နယ်နှင့် တောင်သာမြို့နယ် တို့တွင် အမျိုးသမီး ၂၀ ဦး အထက်ကို အလိုမတူဘဲ အတင်းအဓ္ဓမပြုကျင့် သတ်ဖြတ်ခြင်း ၊ ပြည်သူပိုင်နေအိမ်များကို မီးရှို့ ဖျက်ဆီးခြင်းများ ဦးဆောင် လုပ်ကိုင်ခဲ့သော ဗိုလ်မှူး ကျော်မင်း အပါအဝင် စစ်သား ၂၀ ဦး ထက်မနည်းသေဆုံးပြီး စစ်သား ၅ ဦးကိုလည်း အရှင်ဖမ်းမိခဲ့ကြောင်း သိရှိရသည်။

ထို တိုက်ပွဲအတွင်း MA -1 ၆ လက် ၊ MA-2 ၅ လက် ၊ MA-3 ၆ လက် ၊ MA -4 ၁ လက် ၊ RPG ၁ လက် ၊ ငါးကြင်းမြှီး ၂ လက် ၊ ၆၀မမ ပြောင်းတို ၃ လက် ၊ ၆၀မမ ပြောင်းရှည် ၁ လက် ၊ ငါးကြင်းမြှီးပြောင်း ၁ ခု ၊ ကျည်မျိုးစုံ ၆၀၇၈ တောင့် ၊ ပိုကျည် ၂၅တောင့် ၊ ၄၀ မမ ၁၅ လုံး ၊ ၆၀မမ ၁၁ လုံး ၊ RPG ၁၂ ဖူး ၊ RPG ပိုယမ်း ၉ တောင့် ၊ လျက်ဆားပုလင်း ၁၁ လုံး ၊ လက်ပစ်ဗုံး ၄ လုံး ၊ M9 ၂လုံး ၊ Drone ၂ စီး ၊ Drone Shooter ၂ ခု ၊ ကျောပိုး Jammer ၁ ခု ၊ Jammer အကြီး ၁ ခု ၊ ကား ၃ စီး ၊ Drone ဗုံးသီး ၂ ဖာ ၊ ကျည်ဘောက်အစုံ၅၆ ဘောက် တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၁၂ ရက်နေ့တွင် မလှိုင်မြို့နယ် ၊ အိမ်ကြီးတောရွာမှ စစ်ကြောင်းထိုးလာသော အင်အား ၂၀၀ ပါ စစ်ကြောင်းနှင့် မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြားခဲ့ခြင်းကြောင့် မလှိုင်မြို့နယ် ၊ နှောကန်ရဲစခန်းမှ စစ်ကူလာသည့် စစ်ကြောင်းကိုပါ မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် (၁၀)တပ်ရင်းနှင့်အတူ မဟာမိတ်အဖွဲ့များ ဖြစ်သော မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် (၈)တပ်ရင်း ၊ နွားထိုးကြီး (ပကဖ) ၊ တံတားဦး (ပကဖ)တိုမှ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး အကြမ်းဖက် စစ်သားများထံမှ MA – 1 ၄ လက် ၊ MA -2 ၂ လက် ၊ MA -3 ၄ လက် ၊ ၆၀မမ ပြောင်းတို ၁ လက် တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“ကျနော်တို့ မြင်းခြံခရိုင်ကို စစ်ကောင်စီက အထွေထွေ ထိုးစစ်ကာလနဲ့ ရောပြီး စစ်ကြောင်းထိုးမယ်လို့ လွန်ခဲ့တဲ့ ၃ လလောက်တည်းက ကြိုတင်ပြီးတော့ ပြင်ဆင်မှုတွေ လုပ်ခဲ့တယ်။ အခုချိန်မှာ ကျနော်တို့ ၁ လပေါ့ ရက်ရှည်နီးပါး ထိတွေ့ တိုက်ပွဲတွေ ဖြစ်လာတာတဲ့ အခါမှာ ကျနော်တို့ ဆုံးရှုံးပြီးတော့မှ ပေးလိုက်ရတဲ့ နယ်မြေတွေရှိတယ်။ တချို့ဟာတွေဆိုရင် အခက်အခဲတွေကြားတည်းက တိုက်ခိုက်ပြီး အောင်မြင်ခဲ့တာတွေရှိတယ်ပေါ့။ ဒါကြောင့်မို့ ပြည်သူလူထုအနေနဲ့ အလယ်ပိုင်းဒေသမှာ မန္တလေးတိုင်းတို့ စစ်ကောင်စီရဲ့ ဗဟိုကျတဲ့ အချက်အခြာကျတဲ့ ဒေသတွေမှာ တော်လှန်ရေး လုပ်နေရတာဖြစ်တဲ့ အတွက် တချို့အခက်အခဲတွေကို နားလည်ပေးကြပါလို့ မေတ္တာရပ်ခံလိုပါတယ်။ ဒီထက်ပိုပြီးတော့ ကြိုးစားသွားမယ်။ ဒီထက်ပိုပြီးတော့ အောင်မြင်တဲ့ တိုက်ပွဲတွေ ဖော်ဆောင်ဖို့ ကြိုးစားရုန်းကန်သွားပါ့မယ်” ဟု မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်းနှင့် မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်း မှ ပြောရေးဆိုခွင့်ရှိသူ ဆရာစိုးက ပြောဆိုသည်။

စက်တင်ဘာလ ၂၅ ရက်နေ့မှ အောက်တိုဘာလ ၁၂ ရက်နေ့ထိ မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်း တိုနှင့်အတူ ပူးပေါင်းအဖွဲများသည် စစ်ကော်မရှင်မှ လုပ်ဆောင်ခဲ့သော ထိုးစစ်အား အကောင်းဆုံး ခုခံကာကွယ်ခဲ့ပြီး ခံစစ်အနေအထားမှ ထိုးစစ်အသွင်အပြင်သို့ ရဲဘော်များက အသက် ၊ သွေး ၊ ချွေး များရင်းနှီးပြီး စစ်ဦးလှန်သည်အထိတွန်းလှန်ခဲ့ကြောင်း၊ တော်လှန်ရေးကာလဖြစ်သည့်အတွက်လည်း တပ်ရင်းတပ်ဖွဲ့ အပေါ်ကို ပြည်သူလူထုအနေဖြင့် နားလည်သဘောပေါက်လိမ့်မည်ဟု ယုံကြည်ကြောင်း၊ စစ်ကောင်စီ ထိုးစစ်တွင် လေကြောင်းကို အလွန်အကျွံသုံးခဲ့သည်ကိုလည်း ပြည်သူများ သိရှိခဲ့ရပြီးလည်းဖြစ်ကြောင်း၊ ဆက်လက်၍ တော်လှန်ရေး အရွေ့တစ်ခုကို ဦးတည်တဲ့ စစ်ရေးဖော်ဆောင်မှုတွေ ရှိလာဦးမည်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် တော်လှန် တွန်းလှန် လိုစိတ်တွေ မတွန့်ဆုတ်ဘဲ ၊ ဘုံရန်သူအား မမေ့မလျော့ဘဲ နိုင်သည့် တာဝန်ကို ထမ်းပြီး ပြည်သူ နှင့် တော်လှန်ရေးရဲဘော် ၊ တော်လှန်ရေးရဲဘော် နှင့် ပြည်သူ လက်တွဲမဖြုတ်ဘဲ စည်းလုံးညီညွတ်စွာ တော်လှန်ရေးအောင်ပွဲရသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဆရာစိုးက ဆက်လက်ပြောဆိုသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*