အမေ့ သားတွေ မြို့ပေါ်တတ် ဆော်နေပြီဟေ့

ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံးပြီး စစ်ကြောင်း တစ်ခုလုံး ပြန်ဆုတ်ပြေး

ရန်ကုန်၊ အောက်တိုဘာ ၂၃

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၅ ဦး သေဆုံးခဲ့ပြီး စစ်ကြောင်း တစ်ခုလုံးပြန်ဆုတ်ပြေးသွားကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ပေါက်မြို့နယ် မြောက်ပိုင်းကို စစ်ကြောင်းထိုးလာသော အင်အား ၂၀၀ ဝန်းကျင်ပါ အကြမ်းဖက် စစ်တပ်ကို ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) တပ်ဖွဲ့ဝင်မှ ရဲဘော်များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို ထိတွေ့ တိုက်ပွဲသည် ၁ နာရီခန့် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ အထိနာခဲ့သောကြောင့် ရှေ့ဆက်တိုးနိုင်ခြင်းမရှိဘဲ နောက်သို့ ပြန်လည် ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦး သေဆုံးခဲ့ပြီး ၈ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။

” ရန်သူကို ခုခံတိုက်ခိုက်ဖို့နဲ့ ပြည်သူလူထုကို ကာကွယ်ဖို့က ကျနော်တို့ တာဝန်ပါပဲ ။ ကျနော်တို့ ရင်ဆိုင်တိုက်ခိုက်နေရတဲ့ စစ်အာဏာရှင်ဆိုတဲ့ အုတ်တံတိုင်းနံရံကြီးဟာ ထုထည်ကြီးမားတယ်။ ဒါကြောင့် ကျနော်တို့ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ဒီထက်ပိုပြီး စုစည်းနေဖို့ လိုသလို ဒီထက်ပိုပြီး မာကျောဖို့လိုတယ် လို့ပဲ ပြောချင်ပါတယ်” ဟု ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) နှင့် မဟာမိတ်တပ်ဖွဲ့များ ဖြစ်သော ပြည်သူ့ဒီမိုကရက်တစ်တပ်တော်( PDA)၊ ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ BORDERLESS နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) သည် ပြည်သူလူထုအတွက် အောင်ပွဲများ ရရှိစေရန် ညီညွတ်ရေးကို ရှေ့ရှူ၍ ဘုံရန်သူကို အမြစ်ပြတ် ချေမှုန်းနိုင်ရန်အတွက် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*