မြို့သိမ်းပွဲ စတင်ဆော်နေပြီဗျို့

စလင်းမြို့နယ် ထွေ/အုပ်ရုံးနှင့် အထက ကျောင်းတို့တွင် အတုယောင် ရွေးကောက်ပွဲ မဲပေးစနစ် သရုပ်ပြရန် ပြင်ဆင်နေသည့် စစ်တပ်ကို ဗုံးခွဲ တိုက်ခိုက်

ရန်ကုန်၊ စက်တင်ဘာ ၁

မကွေးတိုင်း၊ စလင်းမြို့နယ် ထွေ/အုပ်ရုံးနှင့် အထက ကျောင်းတို့တွင် အတုယောင် ရွေးကောက်ပွဲ မဲပေးစနစ် သရုပ်ပြရန် ပြင်ဆင်နေသည့် အကြမ်းဖက် စစ်တပ်ကို ဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း စလင်းမြို့ပြ UG ကျားပေါက် အဖွဲ့ နှင့် စလင်း ပလဖ (ယာယီ) အဖွဲ့မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဩဂုတ်လ ၃၁ ရက်နေ့ ည ၈ နာရီခန့်တွင် စလင်းမြို့ပေါ်ရှိ မြို့နယ် ထွေ/အုပ် ရုံး နှင့် အထက ကျောင်းတို့တွင် အတုယောင် ရွေးကောက်ပွဲ မဲပေးစနစ် သရုပ်ပြရန် ပြင်ဆင်နေသူများကို လုံခြုံရေး ယူပေးနေသည့် အကြမ်းဖက် စစ်သားများကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနှိင်ခြင်းမရှိသေးဘဲ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ကျွန်တော် အဲဒီနေရာမှာ ရွေးကောက် မဲပေးစနစ် သရုပ်ပြမယ်လို့ သတင်းရလို့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာပေါ့။ အဲနေရာမှာ စစ်ခွေးတွေက ကင်းပုန်း လာလာ ဝပ်နေတာ အင်အားက အနည်းဆုံး ၁၀ ယောက်နဲ့ ၁၅ ယောက်လောက်ရှိတယ်။ အဲဒီလိုမျိုး သတင်းရထားတဲ့ အတွက်ကြောင့် ကျွန်တော်တို့ အနေနဲ့ လုပ်ခဲ့တာပါ။ စစ်ခွေးသေစာရင်းကတော့ နောက်ဆက်တွဲ အခြေအနေကိုတော့ မသိရသေးဘူး။ ကျွန်တော်တို့ မိုင်းထောင်တဲ့အချိန်မှာ ကင်းပတ်တာတွေ ပေါ်တာဆွဲတာတွေနဲ့ ပြီးရင် စလင်းမြို့မှာ အင်အားဖြည့်ထားတဲ့အတွက်ကြောင့် ကျွန်တော်တို့ အတွင်းပိုင်းထိ မိုင်းမထောင်ထားနိုင်ခဲ့ဘူး” ဟု စလင်းမြို့ပြ UG ကျားပေါက် အဖွဲ့ နှင့် စလင်း ပလဖ (ယာယီ) အဖွဲ့မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို စလင်းမြို့ပြ UG ကျားပေါက်နှင့် မဟာမိတ်ညီနောင်အဖွဲ့ ဖြစ်သော စလင်း ပလဖ (ယာယီ) အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*