
ဧရာဝတီမြစ်အနီး စစ်တပ်ဗျူဟာကုန်း ၃ ခုနှင့် ပျူစောထီးရွာကို ရွှေဘိုခရိုင် PDF များ တိုက်ခိုက်သိမ်းပိုက်
——————————–
ကျောက်မြောင်းနှင့်ရွှေဘိုအကြား စစ်ရေးအရ အရေးပါပြီး မြစ်ကမ်းတစ်လျှောက်နယ်မြေစိုးမိုးထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးစခန်းများကို ရွှေဘိုခရိုင်တပ်ရင်းများ ၄ ရက်အတွင်း တိုက်ခိုက်သိမ်းပိုက် ခဲ့သည်။
ရွှေဘိုပကဖနှင့် ဒေသခံအဖွဲ့များလည်း ထိုစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အကျအဆုံးများနှင့် ရေကြောင်းစစ်ကူကြောင့် ပြန်ဆုတ်ခဲ့ရပြီးနောက် ရက်ပိုင်းအကြာ ခရိုင်ရင်း ၆ ရင်းက စုဖွဲ့မှုအသစ်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
စစ်ကောင်စီဗိုလ်မှူးတစ်ဦး အရှင်မိသလို လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အကောင်အထည်ဖော်ခဲ့သည့် ရှမ်း- မန်း စစ်ဆင်ရေးအတွင်း ရွှေဘိုခရိုင်တပ်ရင်းများ ပါဝင်တိုက်ခိုက်ခဲ့ကြပြီး အကျအဆုံးများလည်းရှိခဲ့သည်။
Leave a Reply