ငြင်းလို့မရတော့ဘူး

{"remix_data":[],"remix_entry_point":"challenges","source_tags":["local"],"origin":"unknown","total_draw_time":0,"total_draw_actions":0,"layers_used":0,"brushes_used":0,"photos_added":0,"total_editor_actions":{},"tools_used":{"addons":1,"transform":1},"is_sticker":false,"edited_since_last_sticker_save":true,"containsFTESticker":false}

တောင်ငူ လေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၁ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု လေတပ် အရာရှိ ၅ ဦး အပါအဝင် ၁၁ ဦး သေဆုံးပြီး Jet Fighter ၁ စင်း နှင့် Y-8 ၁ စင်း ထိခိုက် ပျက်စီး (ရုပ်/သံ)

ရန်ကုန်၊ ဇူလိုင် ၁၀

ပဲခူးတိုင်း၊ တောင်ငူ လေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၁ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု လေတပ် အရာရှိ ၅ ဦး အပါအဝင် ၁၁ ဦး သေဆုံးပြီး Jet Fighter ၁ စင်း နှင့် Y-8 ၁ စင်း ထိခိုက် ပျက်စီးခဲ့ကြောင်း Brave Warriors For Myanmar မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၈ ရက်နေ့တွင် BWM ၏ ဦးဆောင်စီမံမှုဖြင့် MKCDF၊ ACPLF နှင့် သံတောင် မြောက်ပိုင်းအထူးဒေသ အဖွဲ့တိုက KNLA တပ်မဟာ ၂၊ တပ်ရင်း ၅ နှင့် ပူးပေါင်း၍ တောင်ငူ (ကေတုမတီ) စစ်ကောင်စီ လေတပ် စခန်းကို BWM ၏ Mission 42 အဖြစ် ရှော့တိုက်ဒုံး ၁၁ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း လေတပ်အရာရှိ ၅ ဦးနှင့် အခြားအဆင့် စစ်သည် ၆ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကာ လေတပ်အရာရှိ ၈ ဦးနှင့် အခြားအဆင့်စစ်သည် ၁၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း အရာရှိများနှင့် စစ်သည် အများအပြား ထပ်မံထိခိုက်မှု များပြားကြောင်းနှင့် တပ်တွင်း မဆရ တွဲဖက်ဆေးခန်းများတွင် လူနာ အပြည့်ဖြစ်နေပြီး ဆေးရုံးကြီးသို့ အရေးပေါ် အရပ်သား ကားများဖြင့် ပို့ဆောင်နေကြောင်း သိရှိရသည်။

ထို့ပြင် တိုက်ခိုက်မှု အတွင်း အရာရှိ နားနေ ဧည့်ဆောင်ခန်းမ ပြိုကျပျက်ဆီးပြီး ပရိဘောဂပစ္စည်းများ မီးလောင်ခဲ့ကြောင်း၊ လေယာဉ် ပြေးလမ်းများလည်း ပျက်စီးမှုရှိပြီး အုပ်ချုပ်မှု ရုံးနှင့် ဆက်သွယ်ရေးစက်ပစ္စည်းများထားရှိရာ အဆောက်အဦးလည်း ပြိုကျပျက်စီးကာ အမှတ် ၂ ဆီဂိုဒေါင် မီးလောင်ပျက်စီးခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုကြောင့် Jet Fighter ၁ စင်း နောက်မြီးပိုင်း ထိခိုက်ပျက်စီးကာ အကြမ်းဖက် စစ်တပ်၏ ထောက်ပို လေယာဉ် Y-8 ၁ စင်းလည်း ညာဘက်ခြမ်း ပန်ကာ နှင့် ဆီတိုင်ကီ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

“တော်လှန်ရေးမှာ ကျနော်တို့စွမ်းသမျှဆက်ကြိုးစားနေပါတယ်။ ပြည်သူတွေလည်း အားမလျှော့ သွေးမကွဲဘဲ ဆက်လက်အားပေးနေကြဖို့ တင်ပြချင်ပါတယ်” ဟု Brave Warriors For Myanmar မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ စစ်ကောင်စီ တပ်သားများ သေဆုံးမှုနှင့် ပျက်စီးမှုများသည် BWM ၏ လက်လှမ်းမီသည့် သတင်းပေးများထံမှ စုံစမ်း သိရှိရခြင်းဖြစ်ပြီး သတင်းရင်းမြစ်များစွာထံမှ တူညီသော အချက်များကို စိစစ် ရွေးထုတ်ပြီး ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*