
ဇွန်လအတွင်း အလင်းဝင်၊ လက်နက်ချနဲ့ စစ်သုံ့
ပန်းအဖြစ်ဖမ်းဆီးခံရတဲ့စစ်သား ၂၇၀ ဦး ရှိ
■အလင်းဝင် စစ်သားတွေအနက် ၅၂ ဦးဟာ စစ်မှုထမ်းတပ်သားသစ်တွေဖြစ်
ဇူလိုင်လ ၁၂ ရက်
ဇွန်လအတွင်း ကာကွယ်ရေးအဖွဲ့များထံ အလင်း
ဝင်၊ လက်နက်ချနဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရတဲ့ စစ်ကောင်စီအုပ်စုဝင် စုစုပေါင်း ၂၇၀ ဦး ရှိခဲ့ကြောင်းပြည်သူ့ပန်းတိုင်အဖွဲ့ကထုတ်ပြန်ပါတယ်။
ပြည်သူ့ရင်ခွင်ခိုလှုံလိုသူတွေကို အကူအညီပေးနေတဲ့ပြည်သူ့ပန်းတိုင်အဖွဲ့က ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ ၂၀၂၅ ခုနှစ် ဇွန်လအတွင်း စစ်ကောင်စီဘက်မှ စစ်သား၊ ရဲ၊ ပြည်သူ့စစ် အဖွဲ့ဝင် ၂၇၀ ဦး အလင်းဝင်လာခြင်း၊ လက်နက်ချခြင်းနဲ့ စစ်သုံ့ပန်းဖမ်းဆီးခံရခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း
သိရပါတယ်။
အလင်းဝင်လာသူများမှာ စစ်သား ၁၀၀ ဦး၊ ရဲ ၅ ဦး၊ ပြည်သူ့စစ် ၆ ဦး စုစုပေါင်း ၁၁၁ ဦးရှိကြောင်း၊ အလင်းဝင် စစ်သားတွေအနက် ၅၂ ဦးမှာ စစ်မှု
ထမ်းတပ်သားသစ်များ ဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်က အသိပေးပါတယ်။
အလင်းဝင်သူတွေဟာ ရခိုင်ပြည်နယ်က ဦးရေ (၅၀) နဲ့ အများဆုံးဖြစ်ပြီးတနင်္သာရီတိုင်းက (၂၀)
ဦးရှိကြောင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်
ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့မှလည်း ပါဝင်ကြောင်း သိရပါတယ်။
လက်နက်ချသူစုစုပေါင်း (၅၀) ဦးရှိပြီး ကရင်ပြည်
နယ်မှ ဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်က ထပ်မံအသိပေးပါတယ်။
စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ စုစုပေါင်း (၁၀၉) ဦး ရှိပြီး စစ်သား (၈၉) ဦး၊ ပြည်သူ့စစ် (၁၈)ဦး၊ ရဲ (၂)ဦးဖြစ်ကြောင်း၊ စစ်သုံ့ပန်းဖမ်းဆီးခံရသူများအနက် ၃ ဦးမှာ စစ်မှုထမ်းတပ်သားသစ်များ ဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။
ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း – ၁၄၉၂ ဦးထိရှိခဲ့ကြောင်း သတင်းရရှိပါတယ်။
(ဇွန်လအတွင်း PDF တွေထံအလင်းဝင်လာတဲ့စစ်သားနဲ့ ရဲတွေ ။ဓါတ်ပုံ-PDF တပ်ရင်းများ)
#LNO
#HlaingInfo
Leave a Reply