ရင်တွေကွဲ ဆုတောင်းမပြည့်ခဲ့ဘူး

{"remix_data":[],"remix_entry_point":"challenges","source_tags":["local"],"origin":"unknown","total_draw_time":0,"total_draw_actions":0,"layers_used":0,"brushes_used":0,"photos_added":0,"total_editor_actions":{},"tools_used":{},"is_sticker":false,"edited_since_last_sticker_save":false,"containsFTESticker":false}

အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ရှေ့တန်းတွင် ကျဆုံး…

အောက်တိုဘာ ၉၊ ၂၀၂၅

မကွေးတိုင်းအနောက်ခြမ်းရှိ အရှိုချင်းဒေသက အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF) တပ်ဖွဲ့ဝင် ရဲဘော် ၂ ယောက် ရှေ့တန်းတစ်နေရာမှာ ကျဆုံးသွားတယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်က ACDF တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ဆလိုင်းဘိုဘိုဝင်းနဲ့ ဆလိုင်းပြည့်စုံအောင်တို့ဟာ တပ်ဖွဲ့က ပေးအပ်တဲ့ တာဝန်တွေကို ထမ်းဆောင်ရင်း ရှေ့တန်းတစ်နေရာမှာ ကျဆုံးခဲ့တာဖြစ်တယ်လို့ ACDF က ဆိုပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော် ၂ ယောက်ကို အရှိုအမျိုးသားသူရဲကောင်းတွေအဖြစ် လေးမြတ်စွာ အလေးပြုသလို မပြီးဆုံးသေးတဲ့ ရည်မှန်းချက်ပန်းတိုင်တွေအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

အခုအချိန်က စတင်ကာ ရဲဘော်တို့ရဲ့ တာဝန်တွေကို ရပ်စဲလိုက်ပြီးဖြစ်တာကြောင့် ACDF နဲ့ မသက်ဆိုင်တော့ဘဲ သွားလိုရာ သွားနိုင်ပြီဖြစ်တယ်လို့ ACDF က အမိန့်ပြန်တမ်း ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – ACDF

Be the first to comment

Leave a Reply

Your email address will not be published.


*