မြို့သိမ်းပွဲ စတင်ဆော်နေပြီဗျို့

မင်းလှမြို့နယ်တွင် တပ်ချိန်းရန် လာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်မှူး ၁ ဦး အပါအဝင် စစ်သားအများအပြား သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၂၀

မကွေးတိုင်း၊ မင်းလှမြို့နယ်တွင် တပ်ချိန်းရန် လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ ဗိုလ်မှူး ၁ ဦး အပါအဝင် ၂၀ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းမှ ရုံးတာဝန်ခံ ဆရာကျောင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် မလွန်ရွာရှိ ကပစ ၂ မှ တပ်အပြောင်းအလဲလုပ်ရန် ထွက်လာသော အင်အား ၆၀ ခန့်ပါသော စစ်ကား ၂ စီးကို မင်းလှမြို့နယ်၊ လက်ပံတံခါးကျေးရွာ၊ သရက်အုပ်လမ်းခွဲ ၊ စာသင်ကျောင်းအနီးတွင် ဒုတပ်ခွဲမှူး ၀ဿန် ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲမှာ ညနေ ၄ နာရီ ၅ မိနစ်အချိန်အထိ ဖြစ်ပွားခဲ့ကြောင်း ၊ အဆိုပါ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံးပြီး ၂၆ ဦး ထိခိုက်ဒဏ်ရာရရှိကာ စစ်ကား ၂ စီးလည်းပျက်စီးသွားကြောင်း သိရှိရသည်။

ထို့ပြင် တိုက်ပွဲတွင် ဒုတပ်ခွဲမှူး ဝဿန်မှာ ဒဏ်ရာရရှိထားပြီး မပြေးနိုင်တော့သဖြင့် လက်အောက်ငယ်သား တော်လှန်ရေးရဲဘော်များကို တပ်ပြန်ဆုတ်ခိုင်းခဲ့ကြောင်း၊ ဒဏ်ရာ အပြင်းအထန်ရရှိ၍ မပြေးနိုင်တော့သည့် ဒုတပ်ခွဲမှူး ၀ဿန်က စစ်တပ်ထံတွင် အဖမ်းမခံတော့ဘဲ လက်ပစ်မိုင်းကို ဖောက်ခွဲ၍ မိမိကိုယ်ကို အဆုံးစီရင်သွားကြောင်း သိရှိရသည်။

ယင်း တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိသူ ၂၆ ဦးထဲမှ တပ်တွင်း သတင်းရင်းမြစ် ပြောပြချက်အရ ၈ ဦး ထပ်သေဆုံးခဲ့ပြီး စစ်သားများ ချောဆွဲခံရသော ကားနှစ်စီးမှ ယာဉ်မောင်း ၁ ဦးဖြစ်သူလည်း လက်ပြတ်ထွက်သွားကြောင်း၊ ထပ်မ သေဆုံးသူများထဲတွင် မလွန်ရွာ ကပစ ၂ မှ စစ်ကြောင်းကို ဦးဆောင်လာသော ဗိုလ်မှူးအဆင့်ရှိ အရာရှိ ၁ ဦးလည်း ပါဝင်ကြောင်း သိရသည်။

“မင်းလှမြို့နယ် အပိုင် လက်ပံတခါးကျေးရွာ သရက်အုပ်လမ်းခွဲထိပ်မှာ တပ်ချိန်းဖို့ လာတဲ့ ကျနော်တို့ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းက ဒုခွဲမှူး ဝသာန် ဦးဆောင်ပြီးတိုက်ခိုက်ခဲ့တာ မျက်မြင်တွေ့တာကတော့ ကားပေါ်ပါ စစ်ခွေး ၁၂ ကောင်သေတယ်။ ၂၆ ကောင် ဒဏ်ရာရရှိခဲ့တယ်။ တပ်တွင်း သတင်းရင်းမြစ် ပြောဆိုချက်အရ ထပ်သိရတာကတော့ ဒဏ်ရာရရှိထားတဲ့ စစ်ခွေး ၂၆ ကောင်ထဲက စစ်ခွေး ၈ ကောင်ထပ်သေတယ်။ စစ်ခွေးတွေရဲ့ ချောဆွဲခံရတဲ့ ယာဉ်မောင်း ၁ ဦးလည်း လက်ပြတ်သွားတယ်လို့ သိရတယ်” ဟု မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းမှ ရုံးတာဝန်ခံ ဆရာကျောင်းက ပြောဆိုသည်။

တိုင်းပြည်နှင့် အဖိနှိပ်ခံ ပြည်သူအတွက် မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းက အကြမ်းဖက် စစ်အာဏာရှင်ပြုတ်ကျသည်အထိ ဆက်လက်၍ ချေမှုန်းသွားမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် စစ်ကော်မရှင်၊ စစ်သား၊ ရဲများ၏အနီးပတ်ဝန်းကျင်တွင် နီးနီးကပ်ကပ် နေထိုင်သွားလာခြင်းမပြုကြပါရန် လေးစားစွာအသိပေးလိုကြောင်း မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းမှ ရုံးတာဝန်ခံ ဆရာကျောင်းက ဆက်လက် ပြောဆိုသည်။

ဓာတ်ပုံ- ကရင်နီပြည်တွင် စစ်တပ်စစ်ကြောင်းတစ်ခုကို တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

Be the first to comment

Leave a Reply

Your email address will not be published.


*