
တန့်ဆည်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှုတွင် စစ်သား ၁၁ ဦး သေဆုံးပြီး စစ်ကြောင်းက ဆုတ်ခွာ ထွက်ပြေး
ရန်ကုန်၊ အောက်တိုဘာလ ၂၁
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၁ ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့- ရေဦးမြို့နယ် ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယမန်နေ့ အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၉နာရီ ၃၀မိနစ်ခန့်အချိန် တန့်ဆည်မြို့နယ် အက်တောကျေးရွာ မှ ကန့်ဘလူမြို့နယ် ကာဘိုးဖက်သို့ ပြန်လည် ဆုတ်ခွာနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန် ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက် ခိုက်ခဲ့ကြောင်း၊ အဆိုပါ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက စုပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ သိရှိရသည်။
“စစ်ခွေး ၁၁ ကောင်သေတယ်လို့သိရပါတယ်။ စစ်ခွေး ၁၁ ကောင်ကတော့ နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ စစ်ခွေး အရှင်ဖမ်းမိတာမျိုးမရှိပါဘူး။ ကျနော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့- ရေဦးမြို့နယ် ပကဖ တာဝန်ခံက ပြောဆိုသည်။
တန့်ဆည်မြို့နယ်ပကဖတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင်မူ ယမန်နေ့ အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် တန့်ဆည်နယ် အရှေ့ခြမ်းတွင် စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါစစ်ကြောင်းမှာ အက်တောရွာမှ ကာဘိုးကျေးရွာဘက်သို့ ပြန်လည် ဆုတ်လာစဉ် ကာဘိုးတံတားအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်တပ်ဘက်မှ တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိပြီး စစ်သားများ ထွက်ပြေးသွားကြောင်း ၊အလောင်းများနှင့် ဒဏ်ရာရ စစ်သားများကို ယမန်နေ့ မွန်းတည့် ၁၂ နာရီကျော်အချိန် ကားများဖြင့် သယ်ယူသွားကြောင်း သိရှိရသည်။
“တိုက်ပွဲအတွင်းမှာတော့ စစ်ခွေးနဲ့ပျူခွေး ၅ ကောင်ကတော့ ပွဲချင်းပြီးသေဆုံးပါတယ်။ တိုက်ပွဲဖြစ်ပြီး မွန်းလွဲပိုင်းလောက်မှာတော့ စစ်ခွေးတွေ အင်အားအများ အပြားနဲ့ ထပ်မံ ရောက်ရှိလာပြီး စစ်ခွေးအလောင်းနဲ့ ဒဏ်ရာရတဲ့ စစ်ခွေးတွေကို ကားနဲ့ လာသယ်သွားတယ်လို့ သိရတယ်။ ကျနော်တို့ လက်နက်တွေတော့ သိမ်းဆည်းမိတာမရှိပါဘူး” ဟု တန့်ဆည်မြို့နယ် ပကဖ မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ စစ်ဆင်ရေး တိုက်ပွဲအား တန့်ဆည်မြို့နယ်ပကဖ၊ရွှေဘိုခရိုင် အမှတ် -၅၂ ဗျူဟာတပ်ရင်း၊ ၊PLA ၊ ပေါ်ဦးစစ် ကြောင်း ၊ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ရေဦး ပကဖ လက်ရုံးတပ် ဖွဲ့ တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
Leave a Reply