အုပ်စုလိုက် အလင်းဝင်ကုန်ပြီ

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အခြေစိုက် ခမရ ၄၀၉ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး သေနတ် ၂ လက်ယူဆောင် အလင်းဝင်

ရန်ကုန်၊ စက်တင်ဘာ ၂၀

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အခြေစိုက် ခမရ ၄၀၉ တပ်ရင်းမှ စစ်မှုထမ်း တပ် သားသစ် ၂ ဦးက သေနတ် ၂ လက်ယူဆောင်လာပြီး အလင်းဝင်ခဲ့ကြောင်း ဒူရက စစ်ကြောင်း အဖွဲ့က သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၁၉ ရက်နေ့ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အခြေစိုက် ခမရ ၄၀၉ တပ်ရင်းမှ စစ်မှု ထမ်း တပ်သားသစ် အောင်မျိုးပိုင် နှင့် တပ်သားသစ် ဟိန်းမင်းသူတို့သည် စစ်မှုထမ်း သင်တန်း အပတ်စဉ် ၁၃ မှဖြစ်ကြောင်း၊ အလင်းဝင် တပ်သား ၂ ဦးက သေနတ် ၂လက်ယူဆောင်လာပြီး ဒူရက စစ်ကြောင်း အဖွဲ့ထံသို့ အလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။

ထိုအလင်းဝင်ရောက်လာသော စစ်မှုထမ်းတပ်သားသစ် အောင်မျိုးပိုင် နှင့် တပ်သား ဟိန်းမင်းသူ တို့ MA-1 သေနတ် ၂ လက် ၊ ကျည်ဘောက် ၃ ခု၊ကျည် ၁၂၀ တောင့်နှင့်အတူ ဓဝယ်အမျိုးသားလွတ် မြောက်ရေးတပ်တော် (DNLA) ထံသို့ လက်နက်ချ အလင်းဝင်ရောက် လာခဲ့ကြောင်း သိရှိရသည်။

ထိုအလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သားသစ် ၂ ဦးကို ဆုကြေးငွေကျပ် သိန်း ၅၀ ဆီ အသီး သီးဂုဏ်ပြုချီးမြင့်ပေးအပ်ခဲ့ကြောင်း၊ ထို့နောက် လွတ်မြောက် နေရာ တစ်ခုသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရှိရသည်။

တော်လှန်ရေးနှင့် စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လိုသော စစ်ကောင်စီ မှ စစ်သည်တော်များ၊ ရဲတပ်ဖွဲ့ဝင်များကို ပြည်သူ့ရင်ခွင် ခိုလှုံ၍ အမြန်ဆုံး ပူးပေါင်းပေးကြပါရန် ဒူရက စစ်ကြောင်း အဖွဲ့က အသိပေးနှိုးဆော်ထားသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*