
စစ်အာဏာသိမ်း (၁၆၂၂) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၉၃၄) ဦးအထိရှိလာ
ဇူလိုင်လ ၁၂ ရက်
AAPP ရဲ့ ဇူလိုင်၁၁ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၆၂၂) ရက်အတွင်း ပြည်သူ (၆၉၃၄) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။
ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၃၇၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။
ပြန်လည်လွတ်မြောက်လာသူကတော့ (၇၁၈၇) ဦး ဖြစ်ပါတယ်။
အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၈၀၀) ကျော်ရှိပြီဖြစ်ကာ ပြီးခဲ့တဲ့ရက်မှာတော့ (၂၀၀) ကျော်ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။
ကိုးကား – AAPP
#TLT
#HlaingInfo
Leave a Reply