
စစ်အုပ်စု၏ ရွေးကောက်ပွဲတွင် ပါဝင်သူ၊ စည်းရုံးသူနှင့် သတင်းဖြန့်ချိရာတွင် ရည်ရွယ် ချက်ရှိရှိ ပါဝင်သူများကို မှတ်တမ်းယူ အရေးယူရန် NUG ဝန်ကြီးချုပ် ညွှန်ကြား
ရန်ကုန်၊ စက်တင်ဘာလ ၁၂
စစ်အုပ်စု၏ ရွေးကောက်ပွဲတွင် ပါဝင်သူ၊ စည်းရုံးသူများနှင့် သတင်းဖြန့်ချိရာတွင် ရည် ရွယ်ချက်ရှိရှိ ပါဝင်သူများကို မှတ်တမ်းယူပြီး စနစ်တကျ အရေးယူနိုင်ရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ပြည် ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ညွှန်ကြားလိုက်သည်။
ယမန်နေ့ စက်တင်ဘာလ ၁၁ ရက် နံနက်ပိုင်းက ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြား ကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီ အစည်းအဝေး အမှတ်စဉ် ၃၁/ ၂၀၂၅ အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ညွှန်ကြားလိုက်ခြင်းဖြစ်သည်။
“၂၀၂၅ ခုနှစ် ရောက် လာချိန်မှာ ကျွန်တော်တို့ရဲ့ ကြားကာလဒေသန္တရအုပ်ချုပ်ရေး ကဏ္ဍဟာ ယခင် နှစ်တွေထက် ပိုမိုခိုင် မာလာပေမယ့် အုပ်ချုပ်ရေးနဲ့ပတ်သက်တဲ့ အဓိကစိန်ခေါ်မှုတွေကို အချက် (၃) ချက် ရှိနေပါတယ်၊ ပထမအချက်တရားဝင်မှုအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တရားဝင်အသိ အမှတ်ပြုမှု ကိုရယူဖို့ အတွက် ကျွန်တော်တို့ရဲ့ ဒေသန္တရအုပ်ချုပ်ရေး ဟာ ပွင့် လင်းမြင်သာမှုရှိဖို့၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့နဲ့ လူ့အခွင့်အရေးစံနှုန်းတွေကို လိုက်နာဖို့ ကြိုးစား ဖို့လိုအပ်ပါတယ်၊ ဒုတိယအချက်အနေနဲ့ အကြမ်းစစ်အုပ်စုရဲ့ နိုင်ငံရေးလှည့်ကွက်တွေကို အထိ ရောက်ဆုံး တန်ပြန်ဖို့ ရွေးကောက်ပွဲအတွက် ပြင်ဆင်တာတွေ၊ လူထုစည်းရုံးတာတွေနဲ့ သတင်းဖြန့်ချီ တာတွေကို တား ဆီးဖို့၊ ဒီလိုလုပ်ငန်းတွေမှာ ရည်ရွယ်ချက်ရှိရှိ ပါဝင်ပတ်သက်သူတွေကိုလည်း တည်ဆဲဥပဒေလုပ်ထုံး လုပ် နည်းအတိုင်း မှန်ကန်စွာ မှတ်တမ်းယူပြီး စနစ်တကျ အရေးယူနိုင်ဖို့ လိုအပ်ပါတယ်၊ တတိယ အချက်၊ အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားအာဏာလုယူမှု နောက်ဆက်တွဲ ဆိုးကျိုးတွေကို ကျနော် တို့ ပြည်သူတွေဟာ အကြီးအကျယ် ခံစားနေကြရပြီး အခက်အခဲပေါင်း များစွာကြုံတွေ့နေရတဲ့ အတွက် ပြည်သူလူထုကို တတ်စွမ်းသမျှ ဝန်ဆောင်မှုပေးပြီး စိတ်လုံခြုံမှုပေးနိုင်အောင် မဖြစ်မနေ လုပ်ဆောင်ကြဖို့လိုအပ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။
ထို့အပြင် အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ပြီး ပြည်သူလူထု၏ ဆန္ဒနှင့်ကိုက်ညီသည့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ဆောက်ရာတွင် အောင်မြင်မှုပန်းတိုင်ရောက်ရှိရန် အတွက် လက် နက်ကိုင် တိုက်ပွဲအပြင် နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ တိုက်ပွဲများကိုပါ တပြိုင်တည်း တိုက်ခိုက်နေရကြောင်း အသိပေးထားသည်။
၂၀၂၅ ခုနှစ် ရောက်ရှိလာချိန်တွင် ကြားကာလအုပ်ချုပ်ရေးယန္တရား ကဏ္ဍသည် ယခင်နှစ်များထက် ပိုမိုခိုင်မာလာသော်လည်း အုပ်ချုပ်ရေးနှင့် ပတ်သက်သည့် စိန်ခေါ်မှုအချက် ၃ ချက်ရှိပြီး ၎င်းတို့မှာ နိုင်ငံတကာ အသိုင်းအဝိုင်းအသိအမှတ်ပြုရန်၊ အကြမ်းဖက်စစ်အုပ်စု၏ လှည်ကွက်ဖြစ်သည့် ရွေး ကောက်ပွဲနှင့် အကြမ်းဖက်စစ်အုပ်စု၏ ညှင်းပန်းနှိပ်စက်မှုမျိုးစုံကို ခံစားနေရသည့် ပြည်သူလူထုကို ဝန်ဆောင်မှုပေးနိုင်ရန် တို့ဖြစ်ကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ကို အုတ်မြစ်ချနေ ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စု၏ နိုင်ငံရေးလှည့်ကွက်များကို ပြည်သူများနှင့်အတူ တစ်စုတစ် စည်းတည်း ရင်ဆိုင်ကျော်လွှား၍ တော်လှန်ရေးအောင် ပွဲကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် အတွက် စည်းလုံးညီညွတ်စွာ ဆက်လက်ချီတက်ကြရန် လိုအပ်ပါကြောင်း မန်းဝင်းခိုင်သန်းက ပြောဆိုသည်။
Leave a Reply