တစ်နိုင်ငံလုံး စစ်ဆင်ရေ စတော့မည်

မြင်းခြံတွင် စစ်တပ် အထိုင်ချ တပ်စွဲထားသော သံမဏိစက်ရုံကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား

ရန်ကုန်၊ အောက်တိုဘာ ၂၆

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော သံမဏိစက်ရုံကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁၅ ဦး သေဆုံးခဲ့ကြောင်း Myingyan District Battalion – 2 မှ တပ်ရင်းမှူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

အောက်တိုဘာလ ၁၉ ရက်နေ့ မြင်းခြံမြို့နယ်၌ အကြမ်းဖက် စစ်တပ်က အင်အား ၂၀၀ ခန့်ဖြင့် အထိုင်ချ တပ်စွဲထားသော သံမဏိစက်ရုံကို တော်လှန်ရေး တပ်ဖွဲ့များက ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံးကာ ထိခိုက် ဒဏ်ရာရရှိသူ များပြားပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“မြင်းခြံ သံမဏိ စက်ရုံကို ကျွန်တော်တို့ ပစ်ခဲ့တာပါ။ ၁၀လုံးပစ်တာမှာ ၈ လုံးက အောင်မြင်တယ်။ ၈ လုံးအောင်မြင်တဲ့ အထဲကနေ ၄ လုံးက ထိချက်ကောင်းကို မှန်ပါတယ်။ အဲ ၄ လုံးက စစ်ခွေးတွေ ရှိတဲ့ နေရာကို ကျရောက် ပေါက်ကွဲခဲ့လို့ စစ်ခွေးသေဆုံးတာများခဲ့တာပါ။ အဲဒီနေရာမှာက စစ်ခွေးအင်အားကတော့ ၂၀၀ ဝန်းကျင်ခန့်ရှိပါတယ်။ စစ်ခွေးသေတာက ခန့်မှန်းခြေ ၁၅ ဦးသေဆုံးတယ်။ ကျွန်တော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု Myingyan District Battalion – 2 မှ တပ်ရင်းမှူးက ပြောဆိုသည်။

အဆိုပါတိုက်မှုကို မြင်းခြံခရိုင် အမှတ် ၂ တပ်ရင်း၊ Burmese Guerrilla Force BGF-Myingyan ၊ One More စစ်ကြောင်းနှင့် မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*