နိင်ပြီဆိုတဲ့ နိမိတ်ပြတာပဲ

Breaking News- မောင်းမကန် ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်

ရန်ကုန်၊ အောက်တိုဘာ ၂၆

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန် ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း တိုက်ပွဲအတွင်း ပါဝင်ခဲ့သော တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေး တပ်ဖွဲ့များက လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ လေယာဉ်ဖြင့် လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ ခုခံနေသည့်ကြားမှ မောင်းမကန်ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး ရဲစခန်းအတွင်းရှိ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“ကျနော်တို့ ဒီနေ့ နံနက် အစောပိုင်းလောက်တည်းက ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေက လေယာဉ်တွေနဲ့ ဗုံးကျဲ တိုက်ခိုက်နေတဲ့ကြားကကို ရဲစခန်းကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ စစ်ခွေးတွေ သေဆုံးတာလည်းရှိပါတယ်။ ရဲစခန်းထဲက လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းနိုင်ခဲ့တယ်” ဟု တိုက်ပွဲအတွင်း ပါဝင်ခဲ့‌သော တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရန်ကုန်ခေတ်သစ် သတင်းဌာနက အတည်ပြုနိုင်ရန် ထား၀ယ်ခရိုင်တပ်ပေါင်းစုပြန်ကြားရေးတာ၀န်ခံရဲဘော်ရှဲဒိုးကို ဆက်သွယ်မေးမြန်းခဲ့ပြီး မောင်းမကန် ရဲစခန်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ကြောင်းကို အတည်ပြုပြောဆိုခဲ့ပြီး ဖြစ်စဉ် အသေးစိတ်ကို ထုတ်ပြန်မည်ဖြစ်ကြောင်း ပြောဆိုသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*