
ငါန်းဇွန်တွင် PDF စခန်းစီးနင်းခံရပြီး PDF ရဲဘော် ၄ ဦးကျဆုံး
DVB
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ထဲက PDF စခန်းတခုကို ဇူလိုင် ၁၅ ရက်နေ့မှာ စစ်ကောင်စီစစ်ကြောင်းရဲ့ တိုက်ခိုက်စီးနင်းခံရလို့ PDF ရဲဘော် ၄ ယောက် ကျဆုံးပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းခံလိုက်ရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
HERO DEFENCE FORCE (မြင်းခြံ) ရဲ့ တပ်ဖွဲ့ဝင်တယောက်က “စစ်တပ်စစ်ကြောင်းထိုးနေတဲ့ ငါန်းဇွန်နယ်အနောက်ဘက်ခြမ်းက တောင်ရွာဘို့ရွာနဲ့ ဆပ်ပြာကျင်းရွာ ၂ ရွာကြားက PDF စခန်းငယ်တခု စီးနင်းခံလိုက်ရပြီးတော့ ရဲဘော် ၄ ယောက်ကျသွားတယ်လို့ သိရတယ်ဗျ” လို့ ပြောပါတယ်။
#DVB #ငါန်းဇွန် #PDF
Leave a Reply