Uncategorized

အမှတ်(၇)မှ ရဲဘော် ၅၀၀​၏ စစ်သင်တန်းဆင်းပွဲ

လွိုင်ကော်မြို့ကို တိုက်ခိုက်မည့် KNDF​၏ ဗျူဟာ(၇) စစ်သင်တန်းပြီးဆုံး ရဲခေါင်/People’s Spring တိုးချဲ့ဖွဲ့စည်းလိုက်သည့် ဗျူဟာအမှတ်(၇)မှ ရဲဘော် ၅၀၀​၏ စစ်သင်တန်းဆင်းပွဲကို ယနေ့ ပြုလုပ်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။ ဗျူဟာအမှတ်(၇)၏ အပတ်စဉ်(၁) အခြေခံစစ် သင်တန်း၌ ရဲဘော်၊ရဲမေ စုစုပေါင်း ၅၁၂ ဦး တက်ရောက်ခဲ့ကာ သင်တန်းဆင်းအခမ်းအနားကို ဒီးမော့ဆိုမြို့နယ်၌ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ “ဗျူဟာ(၇)စတင်ဖို့ ဖေဖော်ဝါရီလကနေပြီး ရဲဘော်တွေ စခေါ်တယ်။ပြီးတော့မှ Training တွေပေးတယ်။အခုကတော့ Training အောက်သွားတဲ့သူတွေနဲ့ဗျူဟာ(၇)ကို ဖွဲ့စည်းမှာဖြစ်တယ်”ဟု KNDF တာဝန်ရှိသူက ပြောသည်။ ဗျူဟာ(၇)သည် လွိုင်ကော်မြို့ကို လွှမ်းခြုံမည် ဖြစ်ပြီး လွိုင်ကော်အခြေစိုက် စစ်ကောင်စီတပ်များကို တိုက်ခိုက်မည်ဟု အသိပေးသည်။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တွင် ဗျူဟာအမှတ်(၁)မှ စ၍ ယခု […]

Uncategorized

PIA ရဲဘော်တစ်ဦး ကျဆုံး

အမ်းမြို့တိုက်ပွဲတွင် AAနှင့်အတူ ပူးပေါင်းတိုက်ခိုက်နေသည့် PIA ရဲဘော်တစ်ဦး ကျဆုံး ဇော်ရမ်း/People’s Spring အမ်းမြို့နယ်ရှိ စစ်ကောင်စီစခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်နေသည့်တိုက်ပွဲအတွင်း အာရက္ခတပ်တော်(AA)နှင့် အတူတိုက်ပွဲဝင်နေသည့် ပြည်သူ့လွတ်လပ်ရေးတပ်တော်(PIA)ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။ PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။ ရဲဘော်သွင်ထူးအောင်သည် ပြည်သူ့လွတ်လပ်ရေးတပ်တော်(PIA)အပတ်စဉ် (၃) အခြေခံ စစ်သင်တန်းဆင်းဖြစ်သည်။ ဧပြီ၂၅ရက်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီး တောဟိန်းတောင်စစ်ကောင်စီဗျူဟာကုန်းကို အာရက္ခတပ်တော်(AA )က သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲအလွန်ပြင်းထန်ခဲ့ကြောင်း AAနှင့် နီးစပ် သည့်စစ်ရေးသတင်းမြစ်တစ်ဦးက ပြောသည်။ ထိုနေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးကာ စစ်သုံ့ပန်းများလည်း ဖမ်းမိကြောင်း သတင်းရရှိသည်။ ရဲဘော်သွင်ထူးအောင်သည် လူမျိုးပေါင်းစုံ ပြည်သူလူထုဘဝ လွတ်မြောက်ရေးအတွက် တပ်တော်ကပေးအပ်သည့် […]

Uncategorized

စစ်သား ၁၁ ဦးသေဆုံး၊ စစ်သား ၁၅ ဦး လက်နက်ချ အညံ့ခံ

စဉ့်ကူးမြို့နယ်၊ ဝါးပိုးချပ်ရွာရှိ စစ်စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု ဒုဗိုလ်မှူးကြီး တင်ကို အပါအဝင် စစ်သား ၁၁ ဦးသေဆုံး၊ စစ်သား ၁၅ ဦး လက်နက်ချ အညံ့ခံ ရန်ကုန်၊ ဧပြီ ၃၀ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ဝါးပိုးချပ်ကျေးရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို တိုက်ခိုက် သိမ်းပိုက်ရာ ဒုဗိုလ်မှူးကြီး တင်ကို အပါအဝင် စစ်သား ၁၁ ဦးသေဆုံးပြီး စစ်သား ၁၅ ဦး လက်နက်ချ အညံ့ခံခဲ့ကြောင်း မန္တလေး PDF က ထုတ်ပြန်ထားသည်။ ဧပြီလ ၂၈ ရက်နေ့ နံနက်ပိုင်းက စဥ့်ကူးမြို့နယ် ဝါးပိုးချပ်ကျေးရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို မန္တလေး PDF က တိုက်ခိုက် […]

Uncategorized

ကွယ်လွန်ချိန်အထိ အာဏာရှင်တော်လှန်ရေးတိုက်ပွဲဝင်ခဲ့သည့် ABSDF ရဲဘော်ကြီး

ကွယ်လွန်ချိန်အထိ အာဏာရှင်တော်လှန်ရေးတိုက်ပွဲဝင်ခဲ့သည့် ABSDF ရဲဘော်ကြီး ယောနသံ/People’s Spring ရှစ်​လေးလုံးလူထု အရေး​တော်ပုံမှစ၍ ​နွေဦး​တော်လှန်​ရေးအထိ စစ်အာဏာရှင်အား လက်နက်ကိုင်တိုက်ပွဲဝင်နေသည့် ABSDF(ကျောင်းသားတပ်မတော်)မှ အသက် ၆၆ နှစ် အရွယ် ရဲဘော်စိုးမြင့်သည် ဦးနှောက်‌အမြှေးပါးရောင် သည့် လက္ခဏာဖြင့် ကွယ်လွန်သွားခဲ့သည်။ မြန်မာနိင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး- ABSDF (မြောက်ပိုင်းဗဟိုဌာနချုပ်)တွင် တာဝန်ထမ်းဆောင်နေသည့် ရဲဘော်စိုးမြင့်သည် ဧပြီလ ၂၉ရက်ညတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။ “ထိုင်ရာကနေ ရုတ်တရက်လဲကျသွားတာ။ ဆေးရုံကို အချိန်မီပို့ခဲ့ပေမယ့် ဦးနှောက်‌အမြှေးရောင်တာဆိုတော့။ ဆုံးပါးသွားတာဖြစ်တယ်” ဟု ABSDF( မြောက်ပိုင်းဗဟိုဌာနချုပ်)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရဲဘော်စိုးမြင့်သည် ၁၉၈၈ မှ သည် ယနေ့ နွေဦးတော်လှန် ရေးကာလအထိ တော်လှန်ရေးတိုက်ပွဲကာလတလျှောက်လုံး ပါဝင်ခဲ့သူဖြစ်ပြီးရှေ့တန်းတိုက်ပွဲတိုင်းတွင် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့သည့် သူရဲကောင်းတစ်ဦးဖြစ်ကြောင်း ABSDF က သတင်းထုတ်ပြန်ထားသည်။ တိုက်ပွဲကာလများအတွင်း […]

Uncategorized

ရွှေရန်ကုန် ပွဲကြမ်းနေပြီဟေ့

လှိုင်သာယာရဲစခန်းကို ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက် သတိုး၊သုည/People’s Spring ရန်ကုန်မြို့ လှိုင်သာယာအရှေ့ပိုင်းမြို့နယ် ညောင်တုန်းလမ်းမပေါ်ရှိ ရဲစခန်းအား ၄၀ မမ ဗုံးသီးလေးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ကြောင်း Dark Shadow အဖွဲ့၏ တာဝန်ခံ ရဲဘော်အရိပ်က ပြောသည်။ “အထိအခိုက်ရှိနိုင်တယ်လို့ ကျွန်တော်တို့ကယူဆတယ်။ ပတ်ဝန်းကျင်ကနေလည်း အထိအခိုက်ရှိတယ်လို့ ကြားရတယ် “ဟု ၎င်းက ပြောသည်။ အဆိုပါရဲစခန်းကို ယနေ့ (ဧပြီ ၂၈ ရက်) ည ၇နာရီခွဲအချိန်တွင် Urban Freedom စစ်ဆင်ရေးအနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များအားလုံးဘေးကင်းကြောင်း Dark Shadow ကထုတ်ပြန်ထားသည်။ “၇ နာရီခွဲလောက်က လှိုင်သာယာ ညောင်တုန်းလမ်းဘက်မှာ ဗုံးပေါက်သံတွေ ကြားရတယ်။ အသံက တော်တော်ကျယ်ပြီး ၃၊ ၄ ချက်လောက် […]

Uncategorized

ကြိုဆိုပါတယ်

ပေါက်မြို့နယ်ရဲစခန်းမှ ရဲတပ်သား စည်သူဗိုလ် လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်မှု ဆုငွေ ကျပ်သိန်း ၃၀ ချီးမြှင့် ရန်ကုန်၊ ဧပြီ ၂၇ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ပေါက်မြို့နယ်ရဲစခန်းမှ ရဲတပ်သား စည်သူဗိုလ်သည် လက်နက်ခဲယမ်း နှင့် အတူ အလင်းဝင်ရောက်လာသဖြင့် ဆုငွေ ကျပ်သိန်း ၃၀ ချီးမြှင့်ပေးခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ် ၃ တပ်ရင်းထံမှ သိရသည်။ ယနေ့ ဧပြီလ ၂၇ ရက်နေ့တွင် ပေါက်မြို့နယ် ရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်သား စည်သူဗိုလ် ပခုက္ကူခရိုင် အမှတ် ၃ တပ်ရင်းထံဆက်သွယ်ကာ BA 94 တစ်လက်၊ကျည်အိမ် ၂ ခု၊ 9 mm ကျည်အတောင့် ၃၀ နှင့်အတူ အလင်းဝင်ရောက်လာခြင်းကြောင်း သိရသည်။ […]

Uncategorized

တော်လှန်ရေး တပ်ဖွဲ့ဝင် ၃ ဦးကျ

ဒရုန်းဖြင့် တိုက်ခိုက်ခံရ၍ ချင်းတော်လှန်ရေး တပ်ဖွဲ့ဝင် ၃ ဦးကျ ပါခွီး (မဇ္ဈိမ) ။ ။ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ မိုင်နွဲကျေးရွာအနီး ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲတွင် ချင်းတော်လှန်ရေးတပ် PDF – Zophai မှ တပ်ဖွဲ့ဝင် နှစ်ဦးနှင့် အခြားတပ်ပူးပေါင်းတပ်မှ တပ်ဖွဲ့ဝင်တဦး ကျဆုံးသွားကြောင်း တပ်ရင်းမှူး ဒေးဗစ်က မဇ္ဈိမကို ပြောသည်။ ကျဆုံးသူ သုံးဦးမှာ ရဲဘော် လားလ်ချန့်သန်ဒန်မာ ၊ ရဲဘော် ဗန်လားလ်းရင်းငါနှင့် SR6 တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တဦးဖြစ်ပြီး ဧပြီလ ၂၇ရက်နေ့တွင် ကျဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။ “စစ်ကောင်စီတပ်ကချတဲ့ ဒရုန်းကြောင့် ရဲဘော်သုံးဦးကျဆုံးခဲ့ရတာပါ ၊ ကတုတ်ကျင်း တူးနေတဲ့အချိန်မှာ ထိသွားတာ” ဟု PDF – […]

Uncategorized

ကဲ . . . စပြီနော်

ရေဦးမြို့ပေါ်တွင် စစ်မှုထမ်းရန် အမျိုးသား ၉ ဦးကို စစ်တပ်က နေအိမ်ထဲထိ ဝင်ရောက် ဖမ်းဆီး ရန်ကုန်၊ ဧပြီ ၃၀ စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်တွင် စစ်မှုထမ်းရန် စာရင်းကောက်ခံထားရသော အမျိုးသား ၉ ဦးကို အကြမ်းဖက် စစ်တပ်က နေအိမ်ထဲထိ ဝင်ရောက် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ဧပြီလ ၂၉ ရက်နေ့ ည ၉ နာရီခန့်တွင် စစ်မှုထမ်းရန် စာရင်းကောက်ခံထားရသော ရေဦးမြို့ပေါ်ရှိ ရွှေပြည်သာ ရပ်ကွက်မှ ပြည်သူ ၅ ဦးနှင့် အောင်မင်္ဂလာ ရပ်ကွက်မှ ၄ ဦးကို အကြမ်းဖက် စစ်တပ်က […]

Uncategorized

ပျော်လိုရပြီ ကျင်ဒွေးမြို့

💥 ◼️ BREAKING NEWS ◼️ 💥 ကျင်ဒွေးမြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက် ဧပြီ ၃၀ ရက် မကွေးတိုင်းနှင့်ချင်းပြည်နယ်နယ်စပ်ရှိ ကန်ပက်လက်မြို့နယ်အတွင်းမှ ကျင်ဒွေးမြို့ ကို တော်လှန်ရေးတပ်ဖွဲ့များက အပြီးသတ်သိမ်းပိုက်ပြီဖြစ်ကြောင်း ဒေသခံကာကွယ်ရေးတပ်နှင့် ဒေသခံများထံမှသိရသည်။ ၂၀၂၃ ဒီဇင်ဘာလအတွင်းမှစ၍ လေးလကျော်ကြာ ပိတ်ဆို့တိုက်ခိုက်နေသည့် ကျင်ဒွေးမြို့ကို ဧပြီ ၂၉ ရက်တွင် ချင်းကာကွယ်ရေးတပ်များ၊ အာရက္ခတပ်တော် (AA)နှင့် အခြားတော်လှန်ရေးတပ်ဖွဲ့များကပူးပေါင်း၍ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ “မြို့ရဲ့ အဓိကကျတဲ့နေရာကို သိမ်းပြီးသွားပြီး”ဟုကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းမှ အကြိမ်ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ဆေးရုံနှင့် ကျေးရွာများကို စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်၍ ခုခံခဲ့သည်ဟု ဒေသခံများကပြောသည်။ “လွန်ခဲ့တဲ့ ၅ ရက်လောက်ကတည်းက ဗုံးကျဲနေတာ တနေ့တည်းကို လေးငါးကြိမ်လောက်ရှိတယ်။ အဲ့လိုမျိုး ရက်ဆက်ကျဲနေတာ”ဟု ဒေသခံတစ်ဦးကပြောသည်။ […]