Uncategorized

သာလီစွပါ အကိုထွန်း

အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တည်ရှိရာတောင်ကုတ်မြို့ကို အာရက္ခတပ်တော်ပိတ်ဆို့ထား ဇွန် ၁၅ရက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အားဖြည့်ထော က်ကူပေးနေတဲ့ အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ်တည်ရှိရာတောင်ကုတ်မြို့ကို အာရက္ခတပ်တော်(AA)က ပိတ်ဆို့ထားပြီး ထိုးစစ်ဆင်တိုက်ခိုက်သိမ်းယူဖို့ပြင်ဆင်နေပုံပေါက်တယ်လို့ တောင်ကုတ်ဒေသခံတွေနဲ့ရခိုင်စစ်ရေးစောင့်ကြည့်လေ့လာသူတွေက ဆိုကြပါတယ်။ အဲဒီတောင်ကုတ်မြို့နယ်ဟာ ရခိုင်ရိုးမတောင်ခြေနားမှာတည်ရှိပြီး ရခိုင်ကနေ တခြားဒေသသို့ကားလ မ်းထွက်ပေါက်ရှိပေမယ့် အဲဒီကားလမ်းတလျှောက်နေရာအများစုကို အာရက္ခတပ်တော်(AA)က ထိန်း ချုပ်ပိတ်ဆို့ထားပြီလို့ ဆိုကြပါတယ်။ အဲဒီတောင်ကုတ်မြို့နယ်ရှိ အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အပါအဝင် စစ်ကောင်စီတပ်ရင်းတွေမှာစစ်သည်အင်အားနည်းပါးနေပြီး စစ်ကူလာမယ့်လမ်းကြောင့်အားလုံးကိုလည်း အာရက္ခတပ်တော် (AA)က ထိန်းချုပ်ပိတ်ဆို့ထားပြီမို့ လက်နက်ကြီးတွေအထိုင်ချပစ်ခတ်ခြောက်လန့်မှုတွေပြုလုပ်နေတယ်လို့ တောင်ကုတ်ဒေသခံတွေက ဆိုကြပါတယ် ။ ”တောင်ကုတ်ကို အေအေဝင်သိမ်းတော့မယ့်သတင်းကစစ်သားတွေဆီကစထွက်လာတာပါ။မကြာပါဘူး ။လက်နက်ကြီးအထိုင်စခန်းတွေချပြီး လက်နက် ကြီးတွေပစ်နေကြတာပါပဲ။တပ်ထဲမှာလည်းစစ်သားတွေကတအားနည်းနေတော့ ပိုကြောက်ကြတာနေမှာပေါ့။”လို့ တောင်ကုတ်မြို့ခံတစ်ဦးက Border News Agency သို့ ပြောပါတယ်။ အဲဒီတောင်ကုတ်မြို့နယ်မှာ အမှတ် […]

Uncategorized

စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

ရေဦးမြို့နှင့် ရေစကြို မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို တိုက် ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး ရန်ကုန်၊ ဇွန် ၁၅ စစ်ကိုင်းတိုင်း၊ ရေဦးမြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း (ရေဦး PDF) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ဇွန်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်အချိန် ရေဦးမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော ရေဦးမြို့ မြောက်ဘက် အထွက် […]

Uncategorized

ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား

မြင်းခြံမြို့ ၊ခမရ ၁၅ တပ်ရင်းသို့ ရဟတ်ယာဉ်ဖြင့် ရိက္ခာများလာရောက်ပို့ဆောင်စဉ် ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၄ ဦး သေဆုံး ရန်ကုန်၊ ဇွန် ၁၅ မန္တလေးတိုင်း၊ မြင်းခြံမြို့ ခမရ ၁၅ တပ်ရင်းသို့ ရဟတ်ယာဉ်ဖြင့် ရိက္ခာ၊ ခဲယမ်းများလာရောက်ပို့ ဆောင်စဉ် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် သား ၄ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း – NRDF တပ် ဖွဲ့ တာဝန်ခံ ကိုလင်းလက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။ ဇွန်လ ၁၀ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် မြင်းခြံမြို့ ခမရ ၁၅ တပ်ရင်းအတွင်းသို့ မိတၳီလာလေတပ်မှ ရဟတ် […]

Uncategorized

ဆောလမွန်ငါးတွေ

၂၀၂၃ နှစ်ကုန်ပိုင်းလောက်မှာ ၁၀၂၇ စစ်ဆင်ရေးအရှိန်ရလာတော့ ၂၀၂၄ ထဲမှာ တကယ်လည်း အိမ်ပြန်ရတော့မယ်လို့ ယုံကြည်စိတ် ရှိခဲ့တယ် ၁၀၂၇ ရှမ်းမြောက်တို-က်ပွဲနဲ့အတူ စစ်ကိုင်း ပဲခူးထဲ မြို့သိမ်းတို-က်ပွဲတွေဖြစ်လာတယ် ချင်း ကရင်နီ ကော့ကရိတ် ရခိုင်တို့မှာ တို-က်ပွဲတွေ ဆက်လာတော့ ပြည်နယ်နဲ့ပြည်မ တပြိုင်တည်းစစ်ရေး ဆက်သွားလိမ့်မယ် စစ်ကောင်စီဟာ ဘယ်လိုမှ တောင့်ခံနိုင်မှာမဟုတ်တဲ့အတွက် ကျိန်း​ေ-သ ပြိုလဲသွားလိမ့်မယ် အချိန်အနည်းငယ် ထပ်ယူရရင်တောင်မှ စစ်တပ်ဟာ စစ်သားရင်းမြစ် စစ်လ-က်နက်ရင်းမြစ် ဘယ်လိုမှ ပြန်လည်ဖြည့်တင်းနိုင်မှာ မဟုတ်တော့တဲ့အတွက် ၂၀၂၄ ထဲ ကျိန်း​ေ-သ အိမ်ပြန်ကြရလိမ့်မယ်လို့ ယုံကြည်ခဲ့တယ် တရု-တ်ကြားဝင်ပေးမှုနဲ့ အံ့ဩဖို့ကောင်းလောက်အောင် စစ်တပ်ဟာ ရှမ်းမြောက်စစ်ရေးအကြပ်အတည်းကနေ လွတ်သွားခဲ့တယ် စစ်ရေးဟာ ချင်း ရခိုင်ဘက်ကို ရွှေ့သွားခဲ့တယ်ဆိုပေမယ့် ရှမ်းမြောက်တော်လှန်ရေးအရှိန်လောက် အားမကောင်းတော့တာအမှန်ဖြစ်ခဲ့တယ် ၁၀၂၇ စစ်ဆင်ရေး […]

Uncategorized

မအိပ်ကြနဲ့အုံး

မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်ရင်းစခန်း ၄ ခုကို AA က တိုက်သိမ်းပိုက်လိုက်ပြီး မောရ၀တီဗျူဟာမှူး ဗိုလ်မှူးကြီး တေဇာဌေး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်သေဆုံး ရန်ကုန်၊ ဇွန် ၁၄ ရခိုင်ပြည်၊ မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်ရင်းစခန်း ၄ ခုကို AA က တိုက်သိမ်းပိုက်လိုက်ပြီး မောရ၀တီဗျူဟာမှူး ဗိုလ်မှူးကြီး တေဇာဌေး အပါ အဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်သေဆုံးကြောင်း AA က သတင်းထုတ်ပြန်သည်။ AA က ဘူးသီးတောင်မြိုနယ်အတွင်းရှိ စစ်ကောင်စီ၏ စခန်းများအားလုံးကို အပြီးသတ်သိမ်းပိုက်ပြီးသည့်အချိန်တွင် ရက္ခိုင်-ဘင်္ဂလာနယ်စပ်၊ မောင်တောမြိုရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများအားလုံးကို အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇွန်လ […]

Uncategorized

စစ်သား ၇ ဦးသေဆုံး

အုတ်ဖိုမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၇ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦး ကျဆုံး ရန်ကုန်၊ ဇွန် ၁၄ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၇ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ဇွန်လ ၁၃ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ဂမုန်းဆည်ဘောင်ပေါ်ကို စစ်ကြောင်းထိုးလာသော အင်အား ၆၀ ခန့်ပါ စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး […]

Uncategorized

ဝမ်းသာလိုက်တာ

ကချင်အမျိုးသားအလံလွှင့်ထူးနေမြေ တိုးပွား။ ဆဒုံး- ၁၂ ဇွန် ၂၀၂၄။ ကချင်ပြည်နယ်၊ ဆဒုံးမြို့အနီးရှိ ဆဒုံးဗျူဟာတပ်စခန်းကြီးကို KIAတိုက်ခိုက်သိမ်းပိုက်ပြီးနောက် ယနေ့ ဇွန် (၁၂)ရက်နေ့တွင် စခန်း၌ ကချင်အမျိုးသားအလံလွှင့်ထူးထားပြီဖြစ်ကြောင်း သိရသည်။ ယမန်နေ့ ဇွန်လ (၁၁)ရက်နေ့တွင် ဆဒုံးဗျုဟာတပ်စခန်းကြီးကို ကချင်လွတ်လပ်ရေးတပ်တော် KIA၊ KPDFနှင့် ဂေါ်ရခါးတပ်များမှ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဆဒုံးဗျူဟာတပ်စခန်းသိမ်းတိုက်ပွဲတွင် စကစဘက်မှ ဗျူဟာမှူး အပါအဝင် တပ်သားအများအပြား သေဆုံးသွားခဲ့ပြီး စစ်လက်နက်များကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ကိုလိုနီခေတ်ကတည်းက တည်ဆောက်ထားပြီး စစ်ကောင်စီတပ်များ စခန်းချတပ်စွဲထားခဲ့သော ဆဒုံးဗျုဟာတပ်စခန်းကြီးကို KIAထိန်းချုပ်ပြီးနောက် ယနေ့တွင် သိက္ခာတော်ရဆရာတော်များနှင့် အရပ်ဘက်အုပ်ချုပ်ရေးအဖွဲ့များမှ ဆုတောင်းအစည်းအဝေးပြုလုပ်ကာ ကချင်အမျိုးသားအလံလွှင့်ထူးထားပြီဖြစ်ကြောင်း သိရသည်။ ထူးခြားဖြစ်စဉ်အနေဖြင့် ယမန်နေ့ ဖြစ်ပွားခဲ့သေည ဆဒုံးဗျုဟာတပ်စခန်းနှင့် အခြား ပြည်သူ့စစ်စခန်း၊ နယ်ခြားစောင့် တပ်စခန်းသိမ်းတိုက်ပွဲများတွင် […]

Uncategorized

ဟိဟိ 🤭

၂၀၂၄ ဇွန်လ ၁၄ ရက် ရှမ်းပြည်မြောက်ပိုင်း TNLAထိန်းချုပ်ရာ‌ဒေသသို့ အာရက္ခတပ်တော်AA၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်သွားရောက်လည်ပတ်ခဲ့သည့် ဗီဒီယိုရုပ်သံဖိုင်ကြောင့် စစ်ခွေးကျွန် စစ်လော်ဘီများ ပေါက်ကွဲနေသည်ကို တွေ့မြင်နိုင်ပါသည်။ အခှီ ဟီ ဟီ ဟီ 🥰👏🥰👏🥰 ၂၀၂၄ ဇွန်လ ၁၄ ရက် ရှမ်းပြည်မြောက်ပိုင်း TNLAထိန်းချုပ်ရာ‌ဒေသသို့ အာရက္ခတပ်တော်AA၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်သွားရောက်လည်ပတ်ခဲ့သည့် ဗီဒီယိုရုပ်သံဖိုင်ကြောင့် စစ်ခွေးကျွန် စစ်လော်ဘီများ ပေါက်ကွဲနေသည်ကို တွေ့မြင်နိုင်ပါသည်။ အခွီ ဟီ ဟီ ဟီ 🥰👏🥰👏🥰

Uncategorized

ယနေ့ ရွှေဈေးနဲ့ ဒေါ်လာဈေး

ပြည်တွင်းတွင် စီးပွားရေးလုပ်ရန် အလွန်ခက်ခဲလာပြီး ကျပ်ငွေတန်ဖိုး ထပ်မံ ကျဆင်းမည့် အခြေ အနေ များဖြစ်ပေါ်နေ ■ အခေါက်ရွှေတစ်ကျပ်သား ၅၅ သိန်းကျပ်ဝန်းကျင်နှင့် အမေရိကန်တစ်ဒေါ်လာ ၄၄၅၀ ကျပ် ဈေးတန်းဖွင့် ရန်ကုန်၊ ဇွန် ၁၄ ပြည်တွင်းစီးပွားရေးဈေးကွက်တွင် ယနေ့ ဇွန်လ ၁၄ ရက်နေ့ အခေါက်ရွှေတစ်ကျပ်သား ၅၅ သိန်းကျပ်ဝန်းကျင်၊ အမေရိကန်တစ်ဒေါ်လာလျှင် ၄၄၅၀ ကျပ်ဝန်းကျင်တွင် ဈေးတန်းရှိနေကြောင်း ရန်ကုန်ရွှေကုန်သည်နှင့်နိုင်ငံခြားငွေလဲဒိုင်ထံမှ သိရှိရသည်။ “ဒီမနက်ပိုင်းတော့ ကမ်ဘာ့ရွှေဈေးလည်း နည်းနည်းတက်တယ်။ ပြည်တွင်းရွှေဈေးကတော့ အရွက်ဈေး ပြန်မာလာတာရယ်၊ ကမ်ဘာ့ရွှေဈေးလည်း မာနေတာရယ်ကြောင့် ကျရိပ်မမြင်ရဘူး။ အရောင်းအဝယ် တွေကတော့ ပြင်ပမှာ ပြန်ဖြစ်နေပြီ။ ကျပ်ငွေတန်ဖိုးကတော့ ကမ်ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေး Report ထွက်လာတော့ ကျပ်ငွေတန်ဖိုး ပြန်တက်ဖို့လမ်း မမြင်တော့ဘူး။ […]

Uncategorized

ဇွန် ၁၉ တဲ့

ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၉ နှစ်ပြည့် မွေးနေ့ ဇွန်လ၁၉ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပန်းသပိတ် ဆင်နွှဲကြမည် ရန်ကုန်၊ ဇွန် ၁၃ အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီးထားသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၉ နှစ်ပြည့် မွေးနေ့ ဇွန်လ၁၉ရက်နေ့တွင် ပန်းသပိတ် ပါဝင်ဆင်နွှဲကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းလိုက်သည်။ “အခုလာမယ့် ဇွန်လ ၁၉ ရက်နေ့ ၂၀၂၄ ခုနှစ် ဟာ မြန်မာပြည်သူအများ လေး စားချစ်ခင်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၉ နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ အဓမ္မ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား သူရဲကောင်းများစွာရဲ့ ဝိသေသ လက္ခဏာက စစ်အာ ဏာရူးတွေကို “ငုံ့မခံဘဲ တုန့်ပြန်” ခဲ့ကြတာပဲ ဖြစ်ပါတယ်။ […]