Uncategorized

တရွေ့ရွေ့နဲ့ ကျနော်တို့ အိမ်မက်တွေ နီးလာပြီ

ရေဦးမြို့အဝင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို PDF တိုက်ခိုက်

ဇော်ရမ်း၊အောင်ဇေယျ/People’s Spring

စစ်ကိုင်းတိုင်း၊ ရေဦးမြို့အဝင်ရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်ကို ရွှေဘိုခရိုင် တပ်ရင်းအမှတ်(၁၄) -YEU PDFက ယနေ့ နံနက်တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးထက်မနည်း ဒဏ်ရာအပြင်းအထန်ရကြောင်း သတင်းရရှိသည်။

“ရှောင်တခင် ပြောက်ကျားစနစ်နဲ့ဝင်ပြီး ၄၀ မမနဲ့ တိုက်ခိုက်တာပါ။ ဂိတ်မှာက တပ်ကြပ်စိုးမိုးအောင်အပါအဝင် စစ်ကောင်စီတပ်သားနဲ့ပျူ ၁၅ယောက် ဂိတ်ဖွင့်ပြီး ပြည်သူကို အကြမ်းဖက် ဆက်ကြေးကောက် ဆဲဆိုကြိမ်းမောင်းတာတွေလုပ်လေ့လုပ်ထရှိတဲ့ ဂိတ်တစ်ခုပါ။ သုံးကောင်ကျပြီး လေးကောင် ထိခိုက်ဒဏ်ရာရတယ်။ အဲဒါကို မျက်မြင်သတင်းရော တပ်တွင်းသတင်းရော အတည်ပြုတာပါ။”ဟု ရွှေဘိုခရိုင်တပ်ရင်း(၁၄)၏ တပ်ရင်းမှူး ကိုသစ်ပင်က ပြောသည်။

အဆိုပါဂိတ်သည် ရေဦးနှင့် ဒီပဲယင်းမြို့ကြား၌ တည်ရှိသည်။ စစ်ကောင်စီတပ်သား ၁၅ဦးထက်မနည်းရှိနေစဉ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု ရွှေဘိုခရိုင် တပ်ရင်းအမှတ်(၁၄) -YEU PDFကထုတ်ပြန်ထားသည်။

” မနက် ၇နာရီမှာ သွားချတာ။ သုံးယောက်ထိတယ်။ ပြင်းပြင်းထန်ထန်ဒဏ်ရာရပြီး သေဆုံးနိုင်တယ်လို့ သိရတယ်။ ဗိုလ်က မျက်နှာသွားသစ်နေလို့ လွဲသွားတာလို့ သတင်းပြန်ရတယ်”ဟု ရေဦးမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ရွှေဘိုခရိုင် တပ်ရင်းအမှတ်(၁၄) -YEU PDFနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များသည် ဧပြီ ၉ရက်ကလည်း ရေဦးမြို့ရဲစခန်းအား ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

(ရွှေဘိုခရိုင် တပ်ရင်းအမှတ်(၁၄) -YEU PDFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – YEU PDF)

Leave a Reply

Your email address will not be published. Required fields are marked *