မြို့ပေါ်တတ် ဆော်နေပြီဟေ့

တောင်ငူတွင် စစ်ကြောင်းထိုးနေသော စစ်တပ်ကို ၂ ကြိမ် တိုက်ခိုက်မှု စစ်သား ၅ ဦးသေ ဆုံး ၊ မုံရွာတွင် ချင်းတွင်းမြစ်ကြောင်း သွားလာနေသော စစ်သင်္ဘောအုပ်စုကိုလည်း တိုက်ခိုက်

ရန်ကုန်၊ ဩဂုတ် ၃၁

ပဲခူးတိုင်း၊ တောင်ငူမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသာ အကြမ်းဖက် စစ်တပ်ကို ၂ ကြိမ် ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း ဝရဇိန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၇ ရက်နှင့် ၂၈ ရက်နေ့တို့တွင် ပဒဲကျေးရွာနှင့် မြောက်ပိုင်းရွာဦးကျောင်းအနီးကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၃ ကြောင်းခွဲ၍ အင်အား ၁၅၀ ခန့်ဖြင့် စစ် ကြောင်း ထိုးလာစဉ် တော်လှန်ရေး တပ်ဖွဲ့များက ၂ ကြိမ် ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲမှာ ၁ နာရီကျော်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှလည်း RPG များ၊ စက်သေနတ်များ၊ ၁၂၀ မမ လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

” ဩဂုတ်လ ၂၇ ရက်နေ့ ညကတော့ ခန့်မှန်းခြေ ၄ ယောက်လောက်သေတယ်လို့ သတင်းပြန်ရပါတယ်။ မနေ့ကတော့ စနိုက်ပါ နဲ့ တစ်ယောက်ထပ်ပြီး ပစ်ချနိုင်ပါတယ်။ စစ်ခွေး သေစာရင်းက စုစုပေါင်း ၅ ယောက်သေတာပါ။ လက်ရှိမှာ စစ်ခွေးကြောင်းက အဲ့ဒီ ၂၇ ရက်နေ့ကပဲ မြောက်ပိုင်းဘုန်းကြီးကျောင်းကို အင်အားဖြည့်ပြီး စစ်ကြောင်းဖြန့်ထိုးလာတာပါ။ ကျနော်တို့ ဆက်လက် တိုက်ပွဲဝင်နေပါတယ်။ လိုအပ်ချက်တွေလည်းများစွာရှိတာမို့ ကျနော်တို့ ကမ်ပိန်းကိုလည်း ပါဝင်အားဖြည့်ပေးဖို့ မိဘပြည်သူတွေကို တိုက်တွန်းပေးစေချင်ပါတယ်” ဟု ဝရဇိန်တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဝရဇိန်တပ်ဖွဲ့၊ ပုဝါနီစစ်ကြောင်းနှင့် သံတောင်မြောက်ပိုင်း ပြည့်သူ့ကာကွယ်ရေး အဖွဲ့တို့က ပူးပေါင်း လုပ် ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတနေရာတွင် အကြမ်းဖက်စစ်ကောင်စီ၏ စစ် သင်္ဘောများကို မိုင်း၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Brave Heart Army- B.H.A တပ်ဖွဲ့က ထုတ်ပြန်သည်။

ဩဂုတ်လ ၂၇ ရက် မွန်းလွဲ ၂ နာရီခန့်က ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဝမ်ပေါင်ကုမ္ပဏီမှ ကြေးနီ များ တင်ရန်အတွက် ချင်း တွင်းမြစ်‌ကြောင်း အတိုင်း အထက်သို့ ဆန်တတ်လာသောစစ်သင်္ဘော ၂ စီး တွဲတွန်း သင်္ဘော ၈ စီးပါ ရေယာဉ်တန်းကို မုံရွာမြို့နယ် ချင်းတွင်းမြစ်‌ကြောင်း တစ်နေရာ၌ ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ရှေ့ထွက်မိုင်း ၅ လုံးပွိုင့် ၂ ပွိုင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ လက်နက်ငယ် များဖြင့်ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများကလည်း လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ် သားများ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အသေးစိတ် သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Chindwin Fighter Group (CFG) နှင့် Brave Heart Army – (B.H.A) တပ်ဖွဲ့ တို့ ပူး‌ပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေး ရဲဘော်များ အနေဖြင့် အချင်းချင်း ဖေးမကူညီပေးကြရန်၊ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ ညီညီညွတ်ညွတ် ပူးပေါင်းကာ ဖက်ဆစ် မိစ္ဆာများကို အတူ တကွ တိုက်ထုတ်ပေးကြပါရန် BHA တပ်ဖွဲ့က တိုက်တွန်းထားသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*