Uncategorized

စိတ်မကောင်းလိုက်တာ

ဒေါ်အောင်ဆန်းစုကြည် လက်ကျိုး၍ ကုသမှု့ ခံယူနေရ ——————————— စစ် ကိုင်း ငလျင် လှုပ်ခတ်မှု့တွင် နေပြည်တော်အနှံ့ ထိခိုက်ခဲ့ပြီး နေပြည်တော်တွင်းရှိ ဝန်ထမ်းအိမ်ယာနှင့် အထပ်မြင့် အဆောက်ဉီးများ အပါဝင် ထိခိုက်ပျက်စီးခဲ့ပြီး သေဆုံးသူ ၄၈၉ ယောက်ရှိကြောင်း သိရသည်။ အဆိုပါ သေဆုံးမှု့ထဲတွင် အတွင်းဝန် အဆင့်နှင့် ညွန်မှုး အဆင့်များပါဝင်ပြီး သာမန်ဝန်ထမ်းများလည်း ထိခိုက်မှု့ရှိပြီး ဝန်ထမ်း မိသားစုအချို့လည်း သေဆုံးခဲ့သည်။ နေပြည်တော်တွင် ထိမ်းသိမ်းခံထားရသော ပြည်သူ့ အစိုးရ၏ နိုင်ငံတော် အတိုင်ပင်ခံလည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်နေသူ နိုဘဲငြိမ်းချမ်းရေး ဆုရှင် ဖြစ်သူ ‌ဒေါ်အောင်ဆန်းစုကြည်အား သီးသန့် နေအိမ် နှစ်ထပ်ဆောင်တစ်တခုသို့ ပြောင်းရွေ့ထားခဲ့သည်။ စကစမှ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ဒေါ်အောင်ဆန်းစုတို့အား နေပြည်တော် အကျဉ်းထောင်တွင် တွေ့ဆုံခဲ့ခြင်းမဟုတ်ပဲ […]

Uncategorized

ပွဲကြမ်းတယ်ဟေ့ သိမ်းကုန်ပြီ

ကော့ကရိတ် -ကျုံဒိုးလမ်း တိုက်ပွဲတွင် စစ်သား ၃၀ ဦးထက်မနည်းသေဆုံးပြီး စစ်တပ်ဘက်မှ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူး တို့ အပြင်းအထန် ဒဏ်ရာရ၊ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ ရန်ကုန်၊ ဇွန် ၂၁ ကရင်ပြည်နယ်၊ ကော့ကရိတ် -ကျုံဒိုးလမ်း တိုက်ပွဲတွင် စစ်သား ၃၀ ဦးထက်မနည်းသေဆုံးပြီး စစ်တပ်ဘက်မှ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူး တို့ အပြင်း အထန် ဒဏ်ရာရကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိကြောင်း Mon Liberation Army မှ ပြန်ကြားရေးတာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၁၉ ရက်နေ့ ကရင်ပြည်နယ်၊ ကျုံဒိုးမြို့မှတဆင့် အောင်ဇေယျစစ် ကြောင်းကို စစ်ကူပေး ရန် တက်လာသော စစ်ကောင်စီလက်အောက်ခံ တပ်မ ၄၄ ၊ တပ်မ […]

Uncategorized

အခြေအနေထူးပြီဟေ့

ပြင်ဦးလွင် စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်ချုပ်စိုးမြတ်ထွဋ် ၏တပည့်များ လာဘ်ပေးလာဘ်ယူမှု ၊ လူမှုရေးဖောက်ပြန်မှုများဖြင့် ဖမ်းဆီးခံထားရသည့်အပြင် တပ်ပြေးများပြားမှုကြောင့် စိုးမြတ်ထွဋ် တိုင်းမှူး ရာထူးတိုးရေး အဟန့်အတားဖြစ်နေ ရန်ကုန်၊ ဇွန် ၂၁ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်ချုပ်စိုးမြတ်ထွဋ် ၏ ကိုယ်ရေးအရာရှိ ဗိုလ် ကြီး ၁ ဦး နှင့် တပည့် ဒုတိယဗိုလ်မှူးကြီး သန်းလှိုင်မြင့်တို့မှာ လာဘ်ပေးလာဘ်ယူမှု ၊ လူမှုရေးဖောက်ပြန်မှုများဖြင့် ဖမ်းဆီးခံထားရကြောင်း စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးလည်းဖြစ်၊ ပြင်ဦးလွင်တပ်နယ်မှူးလည်းဖြစ်သူ ဗိုလ်ချုပ် စိုးမြတ်ထွဋ်၏ တပည့် ၁ ဦးဖြစ်သော ဒုတိယဗိုလ်မှူးကြီး သန်းလှိုင်မြင့်မှာ ပြင်ဦးလွင်တပ်နယ် လုံခြုံရေးအတွက် တပ်ဂိတ်များတွင် တာ ဝန်ချထားစဉ် လာဘ်ပေးလာဘ်ယူမှုများ ကျူးလွန်ခဲ့ကြောင်း တိုင်ကြားမှုများကြောင့် […]

Uncategorized

တန်ဖိုးဖြတ်မရတဲ့

မင်းလှတိုက်ပွဲတွင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်းကျဆုံးခဲ့ပြီး ၅ ဦး အရှင်ဖမ်းဆီး သတ်ဖြတ်ခံရ ဧရာဝတီတိုင်းမ် (မင်းလှ)၊ ဇွန် ၂၀ ရက် ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ထောက်ကြန့်ကျေးရွာအုပ်စု၊ တောင်ပြတ်ရွာအနီးတွင် ယနေ့ ဇွန် ၂၀ ရက်နေ့၊ နံနက် ၄ နာရီဝန်းကျင်က နှစ်ဖက် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ခုနစ် ဦးထက်မနည်း ကျဆုံးခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်သည် အင်အား ၄၀၀ ဝန်းကျင်ဖြင့် အလွန်အကျွံ စစ်အင်အားသုံးကာ တောင်ပြတ်ရွာနှင့် အနီးတစ်ဝိုက်တွင် တပ်စွဲထားပြီး နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့ဝင် ငါး ဦးကို အရှင်ဖမ်းဆီး၍ သတ်ဖြတ် ခဲ့ကာ အခြားသေဆုံး ရဲဘော်နှစ်ဦး၏ အလောင်းကိုမူ […]

Uncategorized

ကောင်းလိုက်တဲ့သတင်း

ပုသိမ်-မုံရွာ လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံး ရန်ကုန်၊ ဇွန် ၂၀ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ပုသိမ်-မုံရွာ လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ယင်းမာပင်မြို့နယ် မဲမှောင်ပြည်သူ့ကာကွယ်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၁၉ ရက်နေ့တွင် ယင်းမာပင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ တပ်ရင်း ၂၈ ၊ အကြိုးကန်းကုန်းနှင့် ယမ်စီဝမ်ပေါင်မှ ထွက်လာသော စစ်ယာဉ်တန်းကို မြောက်ယမားချောင်း အရောက်တွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းမိုင်းဆွဲတိုက်ခိုက်မှု အတွင်း အကြမ်းဖက် […]

Uncategorized

တစ်ကွက် ထပ်ပြလိုက်ပြီ

စစ်အုပ်စု၏ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု ခံရသူများတွင် အသက်အငယ်ဆုံး ၄ နှစ်မှ အသက်အကြီး ဆုံး ၈၄ နှစ် အထိ ပြည်သူများ ပါဝင်ဟု ကုလသမဂ္ဂတွင် ဦးကျော်မိုးထွန်းပြော ရန်ကုန်၊ ဇွန် ၂၀ အကြမ်းဖက်စစ်အုပ်စု၏ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု ခံရသူများတွင် အသက် အငယ် ဆုံး ၄ နှစ်မှ အကြီးဆုံး ၈၄ နှစ်အထိ ပြည်သူများ ပါဝင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုး ထွန်းက ပြောကြားသည်။ ယမန်နေ့ ဇွန်လ ၁၉ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ပြုလုပ် သည့် ၁၁ ကြိမ်မြောက် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပပျောက်ရေး […]

Uncategorized

ပညာတတ်တွေ လုံးပါး ပါးကုန်ပြီ

မန္တလေး၊ အိုးဘိုထောင်တွင် ဆေးကုသခွင့် မရ၍ နိုင်ငံ‌ရေးအကျဉ်းသူ‌ CDM အလယ်တန်းကျောင်းအုပ် ဒေါ်မြင့်မြင့်သန်း ကွယ်လွန်၊ ယခုနှစ်အတွင်း ထောင်အတွင်း သေဆုံးရသော နိုင်ငံရေးအကျဉ်းသား ၁၁ ဦးရှိလာ ရန်ကုန်၊ ဇွန် ၁၄ မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်တွင် ဆေးကုသမှု မရရှိ၍ နိုင်ငံ‌ရေးအကျဉ်းသူ‌ CDM အလယ်တန်းကျောင်း အုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သန်း ကွယ်လွန်သွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ မန္တလေး အိုးဘိုအကျဉ်းထောင်တွင် မေလ ၇ ရက်နေ့ CDM အလယ်တန်းကျောင်းအုပ်ဆရာမကြီးဒေါ်မြင့်မြင့်သန်း ကျဆုံးခဲ့ရခြင်း ဖြစ်ကြောင်း၊ ကျောင်းအုပ်ဆရာမကြီးဒေါ်မြင့်မြင့်သန်းသည် ၂၀၂၃ ခုနှစ် ဇူလိုင် ၂၇ ရက်နေ့တွင် မတရားဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်ပြီး ဒေါ်မြင့်မြင့်သန်းသည် တီဘီရောဂါအခံရှိသောကြောင့် ဆေးဝါးစောင့်ရှောက်မှု […]

Uncategorized

စစ်ဆင်ရေ စတော့မည်

ချင်းတော်လှန်ရေးလက်နက်ကိုင်အားလုံး စုစည်းညီညွတ်ဖြင့် ဘုံရန်သူ စစ် ကောင်စီကို တော်လှန်တိုက်ထုတ်ရန် ချင်းတပ်ဖွဲ့ ၁၈ ခုက ပူးတွဲကြေညာ ရန်ကုန်၊ ဇွန် ၂၀ ချင်းတော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းများအားလုံး စည်းလုံးညီညွတ်စွာ စုဖွဲ့ပြီး ဘုံရန်သူ စစ် ကောင်စီကို တော်လှန်တိုက်ထုတ်ရန် ချင်းတော်လှန်ရေးတပ်ဖွဲ့ ၁၈ ခုက ယမန်နေ့ ဇွန်လ ၁၉ ရက်နေ့က ပူးတွဲကြေညာလိုက်သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်မှ ပြည်သူ့အာဏာကို လုယူသိမ်းပိုက် သော ကြောင့် ပြည်သူလူထုတို့မှ ဦးဆောင်သည့် နွေဦးတော်လှန်ရေး၏ အန္တိမပန်းတိုင်ဖြစ်သော အ ကြမ်းဖက်စစ်တပ် အမြစ်ပြတ်ချုပ် ငြိမ်းရေး၊ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ် ပေါက်လာရေး ၊ မိမိတို့နယ်မြေ / လူမျိုးကို […]

Uncategorized

ကင်းလိုက်ပြီတဲ့

ရွှေကူမြို့နယ် ခလရ ၅၆ တပ်ရင်း၌ အရေးပေါ် ဆင်းသက်ခဲ့ရသော ရဟတ်ယာဉ်ကို KIA က ယနေ့တွင် လက်နက်ကြီးများဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်မှု ရဟတ်ယာဉ် ၁ စင်းလုံး ပျက်စီးသွား ရန်ကုန်၊ မေ ၂၁ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ခလရ ၅၆ တပ်ရင်း၌ အရေးပေါ် ဆင်းသက်ခဲ့ရသော ရဟတ်ယာဉ်ကို KIA က ယနေ့တွင် လက်နက်ကြီးများဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်ရာ ရဟတ်ယာဉ် ၁ စင်းလုံး ပျက်စီးသွားကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ မေလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ရွှေကူမြို့နယ် […]

Uncategorized

ကြယ်ပွင့်လေး ကြွေလွင့်ခဲ့ရပြီ

အမည်- မောင်အာကာထွန်း(ခ) ဥက္ကာ အသက် -၁၈ နှစ် ကိုယ်ပိုင်အမှတ် – P31001644 ကျဆုံးသည့်နေ့ – ၁၆.၆.၂၀၂၅ ကျဆုံးသည့်တိုက်ပွဲ -မိုးဗြဲမြို့တိုက်ပွဲ ဇွန်လ(၁၆)ရက် ၊၂၀၂၅ခုနှစ်။ -စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် အမြန်ဆုံး ပေါ်ပေါက်ရေးအတွက် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၊အမှတ်(၁၀၀၁)တပ်ရင်း ၊တပ်ခွဲ-၃ ကျွဲချိုတပ်ခွဲတွင် သမိုင်းပေးတာဝန်ကိုကျေပွန်စွာ ထမ်းဆောင်‌ပေးသွားခဲ့သော “ရဲဘော် မောင်အာကာထွန်း(ခ)ဥက္ကာ” သည် ကရင်နီပြည်နယ်စပ် မိုးဗြဲမြို့တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ကို ရွံ့ရွံ့ချွန် တိုက်ခိုက်ချေမှုန်းရင်း တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးသွားခဲ့ရပါသည်။ -ရဲဘော်မောင်အာကာထွန်း(ခ)ဥက္ကာသည် ပြည်သူ့ကာကွယ်ရေးတပ်၏ သစ္စာအဓိဌာန်(၄)ချက်နှင့်အညီ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(၁၃)ရက်နေ့မှစ၍ စတင်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး (၁)နှစ်ကျော်ကာလထိ ပေးအပ်ရာတိုက်ခိုက်ရေး တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့သူ ဖြစ်ခဲ့သည်။ ကရင်နီဒေသရှိ စစ်ကောင်စီတပ်ကို မိုးဗြဲမြို့တွင်းတိုက်ပွဲများအပြင် အခြားသော တိုက်ပွဲပေါင်း(၁၀၀)ထက်မကလဲ မဟာမိတ်တပ်များနှင့်အတူ ရွံ့ရွံ့ချွန်ပါဝင်တိုက်ရင်း ကျဆုံးသွားခဲ့သူဖြစ်သည်။ […]