
မြောင်မြို့နယ် လမ်းခွဲမှ ထွက်လာသော စစ်သားများ လိုက်ပါလာသည့် ကား ၂ စီးကို စောင့်ကြို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၃ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ
ရန်ကုန်၊ ဩဂုတ် ၃၁
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် လမ်းခွဲမှ ထွက်လာသော အကြမ်းဖက် စစ်သားများ လိုက်ပါလာသည့် ကား ၂ စီးကို စောင့်ကြို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၃ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Black Eagle Defence Force – MMU အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၃၀ ရက်နေ့ နံနက် ၆ နာရီခန့်တွင် မြောင်မြို့နယ် လမ်းခွဲမှ ထွက်လာသော အကြမ်းဖက် စစ်တပ်သား ၂၅ ဦးခန့် လိုက်ပါလာသည့် ကား ၂ စီးကို တော်လှန်ရေး တော်လှန်ရေး တပ်ဖွဲ့များက လမ်းပိုင်းတနေရာတွင် ကြိုစောင့် တိုက်ခိုက်ခဲ့ရာ ကား ၁ စီး ပျက်စီးခဲ့ကြောင်း သိရသည်။
ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သား ၅ ဦးသည် ပွဲချင်းပြီး သေဆုံးကာ ၈ ဦးသည် ဆေးရုံပေါ်၌ သေဆုံးခဲ့ကြောင်း၊ ကျန်စစ်သားများသည် ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ စစ်သားများထံမှ MA-11 သေနတ် ၂ လက် နှင့် ကျည်ဘောက် ၁ ခု ၊ အီနာဂါ ဗုံး ၁ လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“အဲကား ၂ စီးပေါ်မှာ စစ်ခွေး ၂၅ ကောင်လောက်ပါတယ်။ တော်လှန်ရေးရဲဘော်တွေ သေနတ် ကောက်နေတုန်း စစ်ခွေး ၃ ကောင်က ပြန်လည် ပြန်ခတ်လို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်နေတုန်း မြင်းမူဘက်ကနေ စစ်ခွေးတွေ လိုက်ပါလာတဲ့ ကားတွေ ရောက်လာလို့ ပြန်လည်ဆုတ်ခွာခဲ့ရတယ်။ သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ပါတယ်။ ကျနော်တို့အဖွဲ့အနေနဲ့ တော်လှန်ရေးကာလတစ်လျှောက်လုံး လမ်းပေါ်တက်ပြီး အလှူငွေတောင်းတာမျိုးလုံးဝမရှိခဲ့ပါဘူး ခြေသံလုံလုံနဲ့လုပ်စရာရှိတာ လုပ်ခဲ့တာ အခုဆို ၄ နှစ်ကျော်ခဲ့ပါပြီ အဓိကက တိုက်ပွဲဖော်ဆောင်မှုတွေများလာတာနဲ့အမျှ ခဲယမ်းလိုအပ်ချက် ငွေကြေးလိုအပ်ချက်တွေ ရှိနေတယ်လို့ပဲ ပြောချင်ပါတယ်” ဟု Black Eagle Defence Force – MMU အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းမူမြို့နယ် ပ.က.ဖ တပ်ဖွဲ့ ဦးဆောင်၍ Black Eagle Defence Force (MMU)၊ စစ်ကိုင်းခရိုင်တပ်ရင်း(၁)တပ်ခွဲ(၂)၊ အလ္လကပ္ပတိုက်နယ်တပ်ဖွဲ့၊ တောချောင်းဦးတိုက်နယ်တပ်ဖွဲ့၊ မြင်းမူမြို့နယ်ပ.လ.ဖ တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Leave a Reply