
◼️နေပြည်တော် PDF တပ်ရင်း ၈၀၅ မှ ရဲဘော် ၂ ဦး စစ်ဆင်ရေးအတွင်းရခဲ့တဲ့ဒဏ်ရာများနဲ့ မြင့်မြတ်စွာကျဆုံး
၂၂ ဩဂုတ် ||| နွေဦးအသံ |||
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်စစ်တိုင်း၊ အမှတ် ၈၀၅ တပ်ရင်းမှ ရဲဘော် ဟိန်းထက်နဲ့ ရဲဘော် သန့်ဇင်တို့ဟာ စစ်ဆင်ရေးတခုမှာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရင်း ရရှိတဲ့ဒဏ်ရာတွေနဲ့ မြင့်မြတ်စွာကျဆုံးခဲ့ကြတယ်လို့ အဆိုပါတပ်ရင်းက ဩဂုတ် ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။
ထနောင်းစစ်ကြောင်း တပ်ခွဲ ၂ မှ ရဲဘော် ဟိန်းထက်နဲ့ ရဲဘော် သန့်ဇင်တို့ဟာ စစ်ဆင်ရေးတခုမှာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရင်း ရရှိထားတဲ့ဒဏ်ရာတွေနဲ့ ရဲဘော် ဟိန်းထက်ဟာ ဩဂုတ် ၁၉ ရက်မှာ မြင့်မြတ်စွာကျဆုံးခဲ့ပြီး ရဲဘော် သန့်ဇင် ဟာလည်း ဩဂုတ် ၂၁ ရက်မှာ မြင့်မြတ်စွာကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ရဲဘော် ဟိန်းထက်ရဲ့ စျာပနအခမ်းအနားကို ဩဂုတ် ၂၁ ရက်မှာ ပြုလုပ်ခဲ့ပြီး ရဲဘော် သန့်ဇင်ရဲ့ စျာပနအခမ်းအနားကို ဩဂုတ် ၂၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ရဲဘော် ဟိန်းထက်နဲ့ ရဲဘော် သန့်ဇင်တို့ ကျဆုံးခဲ့တဲ့အတွက် ကျန်ရစ်သူမိသားစုနဲ့ထပ်တူ ဝမ်းနည်း ဦးညွှတ်ဂုဏ်ယူကြောင်းနဲ့ ကျဆုံးသွားတဲ့ ရဲဘော်တွေကိုယ်စား စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် အားသွန်ခွန်စိုက် ပိုမိုကြိုးစား တာဝန်ထမ်းဆောင်သွားမှာ ဖြစ်တယ်လို့ နေပြည်တော် PDF တပ်ရင်း ၈၀၅ က အသိပေးထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
Leave a Reply