မြို့လယ်မှာ ပွဲကြမ်းပြီဟေ့

လှိုင်သာယာ ၁၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်၊ စစ်တပ်၏ ရွေးကောက်ပွဲ ဆောင်ရွက်ပေးနေသူများကို ချေမှုန်းသုတ်သင်မည်ဟုဆို

ရန်ကုန်၊ ဩဂုတ် ၁၅

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ၁၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြို့ပြကြွက်ကွန်ရက်မှ တော်လှန်ရေးရဲဘော် ၁ ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဩဂုတ်လ ၁၄ ရက်နေ့ ည ၁၀ နာရီအချိန် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ၁၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲအတွက် အစည်း အဝေး ပြုလုပ်နေကြသော အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါများကို လုံခြုံရေးယူထားသည့် စစ်တပ်နှင့်ရဲများကို ပြင်းအားမြှင့်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

” စခ ၁ ကောင်နဲ့ ပျူ ၂ ကောင်တော့ ဒဏ်ရာရတယ်လို့ သိရတယ်။ ဆေးရုံကားနဲ့ လာခေါ်သွားတယ်” ဟု ရန်ကုန်မြို့ပြ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောဆိုသည်။

မင်းအောင်လှိုင်၏ အာဏာတည်မြဲရေးအတွက် ပြည်သူကို ဖိနှိပ်ညှဉ်းဆဲပြီး အတုအယောင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုးစားဆောင်ရွက်နေသူတိုင်းသည် မြို့ပြ UG များ၏ ရန်သူများဖြစ်ကြောင်း၊ ထို့ကြောင့် စစ်တပ်၏ ရွေးကောက်ပွဲ အောင်မြင်ရေး ဆောင်ရွက်ပေးနေသူများအနေဖြင့် မိမိတို့၏ လုပ်ဆောင်ချက်များကို အမြန်ဆုံးရပ်တန့်ကြရန်၊ ထိုသို့မဟုတ်ပါက ချေမှုန်းသုတ်သင်ခံရမည်ဖြစ်ကြောင်း မြို့ပြကြွက်ကွန်ရက်က သတိပေးထားသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*