နောက်လမကျော်ဘူးလို့

ရခိုင်-ပဲခူး ရိုးပေါ်က စစ်ကောင်စီကာကင်းစခန်းကုန်းတစ်ခုကို AA ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့ဝင်တွေ သိမ်းပိုက်

ဩဂုတ်လ ၁၄ ရက်

ရခိုင်ပြည်၊ တောင်ကုတ်နဲ့ ပဲခူးတိုင်း၊ ပန်းတောင်းအစပ် ရခိုင်ရိုးလမ်းမှာရှိတဲ့ ညောင်ကျိုးစခန်းသို့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ရဲ့ နောက်ထပ်စစ်ကြောင်းတစ်ခုဖြစ်တဲ့ အင်အား ၁၀၀ ကျော်ပါစစ်ကြောင်းတစ်ခု ထပ်မံချေမှုန်းခံရပြီး ကာကင်းစခန်းကုန်းတစ်ခုကိုလည်း အာရက္ခတပ်တော်(AA)ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့ဝင်တွေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

တောင်ကုတ်-ပန်းတောင်း ရိုးလမ်းရှိ AA သိမ်းပိုက်ထားတဲ့ ညောင်ကျိုးစခန်းသို့ဦးတည်ပြီးတက်လာတဲ့ စစ်‌ကောင်စီရဲ့စစ်ကြောင်းတွေထဲက နောက်ထပ် အင်အား ၁၀၀ ကျော်ပါစစ်ကြောင်းတစ်ခုဟာ ဩဂုတ် ၁၃ ရက်နေ့ ညဉ့်အချိန်မှာ ချေမှုန်းခံရပြီး အဲဒီစစ်ကြောင်းကို စစ်ကူပေးတဲ့ကာကင်းကုန်းတစ်ခုကို AA ဦးဆောင်ပြီး သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ယောက်က နိရဉ္စရာကို ပြောပါတယ်။

“တိုက်ပွဲက အခုတလော ပြင်းတယ်။ ညောင်ကျိုးနဲ့ ညောင်ခြေထောက်ကြားမှာ AA သိမ်းထားတဲ့နေရာတစ်ခုရှိသေးတယ်။ အဲဒီနေရာကို ထိုးစစ်တက်လာတဲ့စစ်ကြောင်း။ နေ့ရော၊ ညပါဖြစ်တယ်။ မနေ့က ညဉ့်အချိန်လောက်မှာ စစ်ကောင်စီရဲ့ နောက်ထပ်စစ်ကြောင်းတစ်ခု ချေမှုန်းခံလိုက်ရတယ်။ အဲဒါအပြင် သူတို့ကို စစ်ကူပေးတဲ့ တောင်ကုန်းပေါ်ကကာကင်းကုန်းကိုလည်း AA ဦးဆောင်လို့ တက်သိမ်းပစ်လိုက်တယ်”လို့ ပြောပါတယ်။

ဩဂုတ် ၁၁ ရက်နေ့ကလည်း တောင်ကုတ်-ပန်းတောင်း ရိုးလမ်းမှာရှိတဲ့ AA သိမ်းပိုက်ထားတဲ့ ညောင်ကျိုးစခန်းသို့ဦးတည်ပြီးတက်လာတဲ့ စစ်‌ကောင်စီရဲ့စစ်ကြောင်းတွေထဲက အင်အား ၁၅၀ လောက်ပါတဲ့ စစ်ကြောင်းတစ်ကြောင်းဟာ ချေမှုန်းတိုက်ခိုက်တာကိုခံရပြီး စစ်ကြောင်းပြိုသွားတယ်လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ယောက်က နိရဉ္စရာကို ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်ကြောင်းတွေအကျအဆုံးများတဲ့အတွက် ရုပ်အလောင်းတွေ ပြန့်ကျဲနေပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ AA နဲ့ နီးစပ်သူသတင်းရင်းမြစ်က နိရဉ္စရာကို ပြောပါတယ်။

“သူတို့က အကျအဆုံးများပေမယ့် ထိုးစစ်ကမရပ်ဘူး။ ညဉ့်အချိန်ပါထိုးတယ်စစ်ကြောင်းက။ အလောင်းတွေကတော့ ပုံနေတယ်။ လက်ရှိတော့ အလောင်းတွေရော၊ လက်နက်ခဲယမ်းတွေရော သိမ်းထားတယ်”လို့ ပြောပါတယ်။

တိုက်ပွဲဟာ ရိုးပေါ်မှာရှိတဲ့ ညောင်ကျိုးစခန်းနဲ့ ဥသျှစ်ပင်မြို့နယ်၊ ညောင်ခြေထောက်မှာရှိတဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၆) ကြားရှိနေရာတွေမှာ ဖြစ်ပွားနေတာလို့ သိရပါတယ်။

ဓာတ်ပုံ – AA Info Desk
#NJ
#HlaingInfo

 

Be the first to comment

Leave a Reply

Your email address will not be published.


*