
အကြမ်းဖက်စစ်တပ်ရဲ့ လက်ကြီးပစ်ခတ်မှုကြောင့် ၇လကျော်အတွင်း ပြည်သူ ၁၅၀ နီးပါးသေဆုံး
ဩဂုတ်လ ၁၃ ရက်
အကြမ်းဖက်စစ်တပ်ရဲ့ လက်ကြီးပစ်ခတ်မှုကြောင့် ၇လကျော်အတွင်း နိုင်ငံတစ်ဝှမ်းက အရပ်သား ပြည်သူ ၁၅၀ နီးပါးသေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားတဲ့ သတင်းအချက် အလက်များ အရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်ကနေ ဩဂုတ်လ ၁၂ ရက်နေ့အထိ နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီး (၆၈) ဦးနဲ့ အမျိုး သား (၇၈) ဦး စုစုပေါင်း (၁၄၆) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီသေဆုံးခဲ့ သူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် (၂၉) ဦး ပါဝင်ပါတယ်။
ဒါအပြင် အဆိုပါ သေဆုံးသူများအနက် တနင်္သာရီ တိုင်းတွင် (၂၇) ဦးနဲ့ သေဆုံးမှုအများဆုံးဒေသဖြစ်ပြီး ကချင်ပြည်နယ်မှာ (၁၀) ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၇ ရက်က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ဗျူဟာကုန်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စုရှိ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝန်းအတွင်းကို ကျရောက်ပေါက်ကွဲခဲ့ရာ စစ်ဘေးရှောင်နေတဲ့ အမျိုးသမီး ဘွမ့်ဆမ်ကို ကျည်စထိမှန်ပြီး သေဆုံးခဲ့ရပါတယ်။
အကြမ်းဖက်စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ်ကနေ ဩဂုတ် ၁၂ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနဲ့ ၎င်းတို့ရဲ့လက် ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်းမှာ (၇၀၆၀) ဦး သေဆုံးခဲ့ရပါတယ်။
#PVTV
#HlaingInfo
Leave a Reply