ရင်တွေ ကွဲရပြန်ပါပြီ

စစ်ကောင်စီ ရိက္ခာပို့စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ပြီး ဒုတပ်စိပ်မှူး ရဲဘော် ဇော်ခိုင် ကျဆုံး

ဩဂုတ်လ ၈ ရက်

မကွေးတိုင်း၊ ပေါက်မြို့နယ်ဘက်ကို ရိက္ခာပို့လာတဲ့ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းနဲ့ ကာကွယ်ရေးပူးပေါင်းတပ်တို့ အပြန်အလှန် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ပခုက္ကူခရိုင် အမှတ်(၂) တပ်ရင်းက ဒုတပ်စိပ်မှူး ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ထံက သိရပါတယ်။

ဩဂုတ်လ ၆ ရက်နေ့မှာ စစ်ကောင်စီရဲ့ အဆိုပါရိက္ခာပို့စစ်ကြောင်းဟာ ပေါက်မြို့နယ် နတ်ဦးယာဥ်ကျေးရွာအနီးအရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်ရင်း စစ်ကြောင်းမှာ ဒုတပ်စိပ်မှူး တာဝန်ယူထားရတဲ့ ရဲဘော် ဇော်ခိုင် (ခ) ဘီလူး လက်နက်ကြီးကျည်ထိမှန်ကာ သေဆုံးသွားတယ်လို့ ဆိုပါတယ် ။

“ကျသွားတဲ့ ရဲဘော်ဘက်ခြမ်းက နောက်ကိုဆုတ်ပြီး စိတ်ချရလောက်မယ့်နေရာရောက်တော့ ကင်းပုန်းဝတ်ဖို့ ပြင်နေတုန်းမှာ၊ ရိက္ခာပို့တဲ့စစ်ကြောင်းက ၄၀မမ ဗုံးသီးနဲ့ လှမ်းပစ်ချိန်မှာ ထိသွားတာဗျ။ စစ်ကြောင်းမှာ သူက ဒုတပ်စိပ်မှူး တာဝန်ယူထားတာ” လို့ ပခုက္ကူခရိုင် အမှတ်(၂) တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက မောင်း ကိုပြောပါတယ် ။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်း ရဲဘော် ဇော်ခိုင် (ခ) ဘီလူး ကျဆုံးသွားပြီး ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ကျဆုံးရဲဘော် ဇော်ခိုင်ရဲ့ ရုပ်အလောင်းကို ဒီနေ့ သြဂုတ်လ ၈ရက်မှာ သဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

ရိက္ခာပို့တဲ့ အဆိုပါစစ်အုပ်စုဟာ တပ်မ (၁၀၁) လက်အောက်ခံ တပ်ဖွဲ့ဝင်တွေဖြစ်ပြီး ရိက္ခာပို့စစ်ယာဥ်တန်း ၁၀၀ ဝန်းကျင်နဲ့ အင်အား ၁၀၀၀ ကျော် ပါရှိကာ ပေါက်မြို့နယ်ဘက်ကို စစ်ကြောင်းထိုးနေတာ ၃လနီးပါးရှိပြီဖြစ်တယ်လို့ ဆိုပါတယ်။

#မောင်း
#HlaingInfo

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*