
မင်းအောင်လှိုင်၏ စစ်အာဏာသိမ်းမှုတွင် ယာယီသမ္မတအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သူ မြင့်ဆွေ သေပြီ
ဩဂုတ်လ ၆ ရက်
မင်းအောင်လှိုင်၏ စစ်အာဏာသိမ်းမှုတွင် ယာယီသမ္မတအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သူ မြင့်ဆွေမှာ ယနေ့ သေဆုံးသွားပြီဖြစ်ကြောင်း စစ်တပ်က တရားဝင် သတင်းထုတ်ပြန်သည်။
ယနေ့ဩဂုတ်လ ၆ရက်နေ့ နံနက် ၃ နာရီအချိန် ရန်ကုန်ရှိ အမှတ် ၂ စစ်ဆေးရုံကြီး ကုတင်၁၀၀၀တွင် ကွယ်လွန်သွားခြင်းဖြစ်ပြီး ၎င်းနေထိုင်မကောင်းဖြစ်စဉ်ကတည်းက အကြမ်းဖက်မင်းအောင်လှိုင်က ၎င်း၏နေရာကို ရယူထားခဲ့ခြင်းဖြစ်သည်။
မြင့်ဆွေသည် ၂၀၂၃ ခုနှစ်မှစတင်၍ လှုပ်ရှားရာတွင် တုံ့နှေးခြင်း၊ အစာအာဟာရစာသုံးနိုင်မှု နည်းပါးလာခြင်း၊ ပါကင်ဆင်အာရုံကြောအားနည်းရောဂါ ခံစားခဲံရကြောင်း၊ ယင်းနောက် ၂၀၂၄ ခုနှစ် စင်ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံ စစ်ဆေးရုံတွင် ကုသမှုခံယူခဲ့ကြောင်း၊ စစ်တပ်က မြင့်ဆွေကျန်းမာရေးအတွက် အနီးကပ် နေအိမ်တွင် ဆေးကုသမှုပေးခဲ့ကြောင်း ၊ မြင့်ဆွေသည် ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း ကိုယ်အလေးချိန် လျော့ကျခြင်း၊ အစာကောင်းစွာ မစားနိုင်ခြင်း၊ အဖျားတက်ခြင်း၊ ဦးနှောက်နိုးကြားမှု လျော့နည်းခြင်းတို့ကြောင့် ဇူလိုင်လ ၂၄ ရက်နေ့ အမှတ် ၂ စစ်ဆေးရုံတွင် ထပ်မံ ဆေးကုသမှု ခံယူခဲ့ရာမှ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
မြင့်ဆွေသည် သေဆုံးချိန်တွင် အသက် ၇၅ နှစ်ရှိနေပြီဖြစ်ပြီ စစ်တပ်တွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ကာ စစ်အာဏာရှင် သန်းရွှေ၏ လူယုံတစ်ဦးလည်းဖြစ်သည်။
မြင့်ဆွေသည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ၂၀၁၁ မတ်လ ၃၀ ရက်မှ ၂၀၁၆ မတ်လ ၃၀ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး NLD အစိုးရလက်ထက် ၂၀၁၆ မတ်လ ၃၀ ရက်နေ့တွင် စစ်တပ်ကိုယ်စားလှယ်အစုအဖွဲ့က ရွေးချယ်သော ဒုတိယသမ္မတတစ်ဦးဖြစ်လာခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မင်းအောင်လှိုင် အာဏာသိမ်းပြီး သမ္မတဦးဝင်းမြင့်ကို ရာထူးမှ ဖယ်ရှားခဲ့ပြီးနောက် မင်းအောင်လှိုင်၏ ရုပ်သေးရုပ် ယာယီသမ္မတဖြစ်လာသည်။
#KTM
#HlaingInfo
Leave a Reply