၄၀ ကျော် ပါသွားပြီတဲ့

တစ်ပတ်အတွင်း ရန်ကုန်ပြည်သူ၄၉ဦးကို စစ်တပ် ဖမ်းဆီး

ဩဂုတ်လ ၄ ရက်

ရန်ကုန်မြို့တွင် တစ်ပတ်တာအတွင်း ပြည်သူ၄၉ဦးကို စစ်တပ် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဇူလိုင်၂၈ရက်မှ ဩဂုတ်၃ရက်ထိ လှည်းကူး၊ ရွှေပြည်သာ၊ စမ်းချောင်း၊ မရမ်းကုန်း၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ သာကေတ၊ ပုဇွန်တောင်၊ သင်္ဃန်းကျွန်း၊ မင်္ဂလာတောင်ညွန့်နှင့် မြောက်ဥက္ကလာ မြို့နယ်တို့၌ ပြည်သူ၄၉ဦး ဖမ်းဆီးခံရသည့်ဖြစ်စဉ်ကို သိရှိရကြောင်း Rangoon Scout Network က ယနေ့(ဩဂုတ်၄ရက်)သတင်းထုတ်ပြန်သည်။

“အခု ရန်ကုန်မှာ ဖမ်းနေတာကတော့ စစ်မှုထမ်းအတွက် အဓိကပါပဲ။တော်ရုံတန်ရုံ နိုင်ငံရေးနဲ့ နည်း နည်းပါးပါး ပတ်သက်ပြီး အဖမ်းခံရတဲ့သူတွေကိုတောင် ထောင်ထဲ မပို့တော့ဘူး။စစ်မှုထမ်းပဲ ပို့ပစ် တာ။ထောင်ထဲပို့ရင် ကျွေးနေရဦးမယ်လေ။မကျွေးတော့ဘူး။အသေခံပြီး စစ်တိုက်ခိုင်းတော့တာ”ဟု ရန်ကုန်မြို့ရှိ ရဲသတင်းရင်းမြစ်က ပြောသည်။

ဖမ်းဆီးခံရသူ ၄၉ဦးမှာ အလုပ်သမားအရေး လှုပ်ရှားသည့် STUM အဖွဲ့ဝင် ၈ ဦး၊ ရထားစောင့်နေစဉ် ဖမ်းဆီးခံရသူ ၁၀ ဦး၊ လမ်းမပေါ် ရမ်းသန်း ဖမ်းဆီးခံရသူ ၁၉ ဦး၊ ဧည့်စာရင်းစစ်ပြီး အဖမ်းခံရသူ ၁၁ ဦးနှင့် အွန်လိုင်းပေါ် စစ်တပ်ကို ဝေဖန်ရေးသားသည်ဟု ထုတ်ပြန်ကြေညာ၍ ဖမ်းဆီးခံရသူ ၁ ဦး တို့ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့လမ်းမများပေါ်၌ ဖမ်းဆီးခြင်းခံရသူအရေအတွက်မှာ ဇူလိုင်၂၁ရက်မှ ၂၇ရက်အတွင်း ၂ဦး ရှိခဲ့ပြီး ဇူလိုင်၁၄ရက်မှ ၂၀ရက်အတွင်း ၂၉ဦးရှိခဲ့ကြောင်း Rangoon Scout Network က ထုတ်ပြန် ထားသည်။

အလုပ်ရမည်ဟု လိမ်ခေါ်ကာ စစ်မှုထမ်းရန်အတွက် ရောင်းစားမှုများကို ရန်ကုန်တွင် မကြာခဏ တွေ့လာရကြောင်းလည်း Rangoon Scout Network ထံက သိရသည်။

#MPA
#HlaingInfo

Be the first to comment

Leave a Reply

Your email address will not be published.


*