ရေးဘီလူး အလုပ်နဲ့

ရေးမြို့နယ်၊ အာယုတောင်ရွာရှိ စစ်တပ်၏ ခမရ ၃၄၃ တပ်ဝင်းမှ စခန်းကုန်း တစ်ခုကို ရေးဘီလူးအဖွဲ့က တိုက်ခိုက် သိမ်းပိုက်

ရန်ကုန်၊ ဇူလိုင် ၁

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ရွာရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၃၄၃ တပ်ဝင်းမှ စခန်းကုန်း တစ်ခုကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့က ပြောဆိုသည်။

ဇူလိုင် ၁ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ရေးမြို့နယ် အာယုတောင်ရွာရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၃၄၃ တပ်ဝင်းမှ စခန်းကုန်းကို ရေးဘီလူးအဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုသည် ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး စခန်းကုန်းကို ရေးဘီလူးအဖွဲ့က အပြီးသတ် တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ကြောင်း သိရှိရသည်။

ထို စခန်းသိမ်း တိုက်ပွဲအတွင်း ရေဘီးလူးအဖွဲ့မှ တပ်သား ထက်မြတ်မောင် ခေါ် အသေးလေး တိုက်ပွဲအတွင်း ကျဆုံးခဲ့ကြောင်း သိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*