ကန့်ဘလူတွင် စစ်တပ်က ကျီစုရွာနှင့် ကျောက်တိုင်ရွာကို မီးရှို့ဖျက်ဆီးမှု ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်း များအပါအဝင် နေအိမ် ၇၀၀ ကျော် ပျက်စီး ရန်ကုန်၊ အောက်တိုဘာ ၃၁ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျီစုရွာနှင့် ကျောက်တိုင်ရွာကို မီးရှို့ဖျက်ဆီးခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများ အပါအဝင် နေအိမ် ၇၀၀ ကျော် ပျက်စီးခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ အောက်တိုဘာလ ၃၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးသီချတိုက်ခိုက်မှုကြောင့် အိုင်ပေါင်းချောင်ရွာမှ အမျိုးသားတစ်ဦး ဗုံးစမှန်၍ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် အိုင်ပေါင်းချောင်ရွာမှ ဘုန်းကြီးကျောင်းအတွင်း စစ်ရှောင်နေသည့် အမျိုးသား ၃၄ ဦးနှင့် အမျိုးသမီး […]
Month: October 2024
ယနေ့ ည မန္တလေး ပွဲကြမ်းနေ
ပြည်ကြီးတံခွန်မြို့နယ်(ဇ)ရပ်ကွက်ရုံး တိုက်ခိုက်ခံရ အင်ကြင်း/People’s Spring မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ (ဇ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်တိုက်ခိုက်ခံရပြီး ပျူစောထီးအချို့ ထိခိုက်မှုရှိကြောင်း ဒေသခံများက ပြောသည်။ ယမန်နေ့(အောက်တိုဘာ ၃၀ရက်) ညနေ ၆ နာရီဝန်းကျင်က ပြည်ကြီးတံခွန်မြို့နယ်၊ ၅၆လမ်းနှင့် ၁၃၃ လမ်းထောင့်ရှိ(ဇ)ရပ်ကွက်အုပ်ချုပ်ရေးရုံး ဗုံးပစ်တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ရုံးတွင်းရှိ ပျူစောထီးအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ “ပျူအထိအခိုက်တော့ရှိပေမယ့် ကနဦးသတင်းအရတော့ အတိအကျကို မသိရသေးပါဘူး။”ဟု မန္တလေးမြေပြင်သတင်းများ ရေးသားနေသည့် Voice Of Mandalay ချန်နယ်က ရေးသားထားသည်။ ထို့အပြင် (၁၀)နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အသက် (၂၉)နှစ်အရွယ် အမျိုးသားတစ်ဦး မစိုးရိမ်ရသည့် အသေးစားဒဏ်ရာ ရရှိခဲ့ကြောင်း၊ ရုံးရှေ့ရှိ အိမ်စီးကား ၂စီးလည်း ပျက်စီးမှုရှိကြောင်း ဒေသခံအချို့က ပြောသည်။ ဗုံးကွဲပြီးနောက် […]
ကျောက်လုံးကြီး စစ်စခန်းကို
ဖာပွန်၊ ခေါပုတ်စခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးပြီး စစ်သား ၆ ဦးအရှင်ဖမ်းမိ၊ တောင်ငူ-လိပ်သိုလမ်းရှိ ကျောက်လုံးကြီး စစ်စခန်းကို စနိုက်ပါဖြင့် ပစ်ခတ်မှု စစ်သား ၆ ဦး သေဆုံး ရန်ကုန်၊ အောက်တိုဘာ ၃၁ ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်မြို့နယ်အတွင်းရှိ အင်အား ၁၂၀ ထက်မနည်းရှိသော စစ်ကောင်စီ၏ ခေါပုတ်စခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးပြီး စစ်သား ၆ ဦးကို အရှင်ဖမ်းဆီးရရှိကြောင်း KNU စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက ဖာပွန်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲများ […]
ငှက်ကင် VD ထွက်ပီ
‼️Breaking News – အမ်းမြို့တွင် MI-17 ရဟတ်ယာဉ် ပစ်ချခံရ‼️ အောက်တိုဘာလ ၂၈ ရက်နေ့က အကြမ်းဖက် စစ်ရှုံးကောင်စီဟာ နပခ (အမ်း) မကျရှုံးရေးအတွက် နောက်ဆုံး အားထုတ်မှု အနေနဲ့ မကွေးမြို့မှ အကြမ်းဖက် စစ်သားတွေကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ အမ်းမြို့ကို MI-17 ရဟတ်ယာဉ် (၃) စီးနဲ့ မစ်ရှင် (၂) ကြိမ်ခွဲကာ ပို့ဆောင်ခဲ့ပါတယ်။ ပထမ မစ်ရှင်မှာ MI-17 ရဟတ်ယာဉ်တွေကို ကာကွယ်ဖို့အတွက် MI-35P တိုက်ခိုက်ရေး ရဟတ်ယာဉ် (၁) စီးက လိုက်ပါ ဝန်းရံခဲ့ကြောင်း၊ ဒုတိယ မစ်ရှင်ဖြစ်တဲ့ ညနေ ၃ နာရီခွဲကျော်ခန့် အချိန်တွေမှာ မကွေး ကလခ လေတပ်ကနေ MI-17 ရဟတ်ယာဉ် […]
မိုက်ရိုင်းတာကွာ
လောင်းလုံးမြို့်တွင် စစ်တပ်က စိတ်ရောဂါခံစားနေရသည့် ကိုကျော်ခိုင်ကို ပစ်သတ်ပြီး PDFစစ်ဝတ်စုံ ဝတ်ဆင်ပေးကာ ဓာတ်ပုံရိုက်ယူသွား ရန်ကုန်၊ အောက်တိုဘာ ၃၁ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ လဝက ရုံးရှေ့တွင် အကြမ်းဖက် စစ်တပ်က စိတ်ရောဂါ ခံစားနေရသည့် ကဘူရွာသား ကိုကျော်ခိုင်ကို ပစ်သတ်ပြီး PDF စစ်ဝတ်စုံဝတ်ဆင်ပေး၍ ဓာတ်ပုံရိုက်ယူသွားကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံ ရဲဘော် ရှဲဒိုးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင် လောင်းလုံးမြို့ လဝက ရုံးရှေ့၌ ဂိတ်စောင့်နေသော စစ်သားများက ဆိုင်ကယ်စီးလာသည့် ကဘူရွာသား စိတ်ရောဂါ ခံစားနေရသည့် ကိုကျော်ခိုင်ကို ပစ်သတ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ပစ်သတ်ပြီးနောက် စစ်တပ်ဂိတ်ထဲမှ […]
စိန်ခေါ်လေ့ရှိတဲ့
Live လွှင့်ပြီး PDF တွေကို စိန်ခေါ်လေ့ရှိတဲ့ ပျူခေါင်းဆောင် ၁ ဦး သေနတ်နဲ့ပစ်ခံရလို့ သေဆုံး နတ်မောက်၊ အောက်တိုဘာ ၃၁၊ ၂၀၂၄။ Live လွှင့်ပြီး PDF တွေကို စိန်ခေါ်လေ့ရှိတဲ့ နတ်မောက်မြို့က စစ်မှုထမ်းဟောင်း ၁ ဦး သေနတ်နဲ့ပစ်ခံရပြီး အောက်တိုဘာ ၃၀ရက်က သေဆုံးသွားပါတယ်။ မကွေးတိုင်း၊ နတ်မောက်မြို့ ရဲစခန်းရဲ့ ကိုက် ၁၀၀ အကွာမှာနေတဲ့ စစ်မှုထမ်းဟောင်းလည်းဖြစ် ပျူစောထီးခေါင်းဆောင် ၁ ဦးလည်းဖြစ်သူ အသက် ၅၃ အရွယ် ဦးဇော်ဝင်း (ခ) မြွေဟောက်ကို People’s Defence Organization-Natmauk ကပစ္စတိုနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ အောက်တိုဘာ ၃၀ရက် ညနေ ၆နာရီလောက်မှာ ဦးဇော်ဝင်းက သူ့သမီးကို […]
၃၀ ကျော် ပါသွားပြီတဲ့
ကန့်ဘလူတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျေးရွာ ၂ ရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး၊ အိုင်ပေါင်းချောင်ရွာမှ ပြည်သူ ၃၀ ကျော်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး မုံလှရွာရှိ ခရစ်ယာန်ဘုရားကျောင်းကို ဒရုန်းဖြင့် ဗုံးကျဲ ဖျက်ဆီး ရန်ကုန်၊ အောက်တိုဘာ ၃၀ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၂ ရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ပြီး အိုင်ပေါင်းချောင်ရွာမှ ပြည်သူ ၃၀ ကျော်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကာ မုံလှရွာရှိ ခရစ်ယာန်ဘုရားကျောင်းကို ဒရုန်းဖြင့် ဗုံးကျဲ ဖျက်ဆီးခဲ့ကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ […]
မန္တလေးမြို့ အခြေအနေထူးပြီဟေ့
မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ပစ်ခတ်ခံရမှု၏ လက်သည် မဖော်နိုင်သော စစ်ကောင်စီက ရန်ကုန်တရုတ်သံရုံးပတ်ဝန်းကျင်တွင် ရဲကင်းအသစ်များတည်ဆောက်ပြီး လမ်းပိတ် လုံခြုံရေး တိုးမြှင့် ရန်ကုန်၊ အောက်တိုဘာ ၃၁ မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ပစ်ခတ်ခံရမှု၏ လက်သည်တရားခံ မဖော်ထုတ်နိုင်သော အကြမ်းဖက် စစ်ကောင်စီက ရန်ကုန်တရုတ်သံရုံး ပတ်ပတ်လည်တွင် ရဲကင်းအသစ်များတည် ဆောက်ပြီး လမ်းများပိတ်ကာ လုံခြုံရေး တိုးမြှင့်ထားကြောင်း ရန်ကုန်မြို့ခံများထံမှ သိရှိရသည်။ အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးကို ဗုံးဖြင့် ပစ်ခတ်ခံရပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် တရုတ် ကောင်စစ်ဝန်ချုပ်ရုံး နှစ်ထပ်ဆောင်၏ ခေါင်မိုးတွင်ပေါက်ကွဲမှုဖြစ်ပွားကာ ခေါင်မိုးရေတံလျှောက်အနီးရှိ အုတ်ကြွပ်အမိုး ၂ ပေခန့် ပျက်စီးခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ်မှုအတွက် လက်သည်တရားခံကို […]
ပုဇင်းတင်မကဘူး
အမ်းတွင် စစ်ရဟတ်ယာဉ်တစ်စီးပစ်ချခံရ၊ ဒုတိုင်းမှူးနဲ့ အရာရှိတွေပါသွားတယ်လို့ သတင်းထွက်နေ မင်းသျှင်စော၊ နိရဉ္စရာ၊ အောက်တိုဘာ ၃၀/၂၀၂၄ တိုက်ပွဲပြင်းထန်နေတဲ့ အမ်းမြို့မှာ အောက်တိုဘာ ၂၈ ရက်နေ့ ညနေက စစ်ကောင်စီရဟတ်ယာဉ်တစ်စင်း ပစ်ချခံရပြီး အဆိုပါ ရဟတ်ယာဉ်ပေါ်မှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနဲ့ စစ်ဘက်ဆိုင်ရာ အရာရှိကြီးတွေ လိုက်ပါသွားခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပစ်ချခံရတဲ့ ရဟတ်ယာဉ်က Mi 17 အမျိုးအစားဖြစ်ပြီး အောက်တိုဘာ ၂၈ ရက် ညနေ ၃နာရီ ၄၀ မိနစ်ခန့်မှာ အမ်းလေယာဉ်ကွင်းကနေ ပြန်လည် ပျံတက်တဲ့ အချိန်မှာ ပစ်ချခံလိုက်ရတာဖြစ်တယ်လို့ စစ်ရေးအခြေအနေ စောင့်ကြည့်နေသူ မျက်မြင်သတင်းရင်းမြစ်တစ်ခုက နိရဉ္စရာကို ပြောကြားပါတယ်။ “ ဒုတိုင်းမှူးနဲ့ အရာရှိအချို့လိုက်ပါသွားတဲ့ စစ်ရဟတ်ယာဉ်ကို […]
တစ်ကမ်ဘာလုံး ပိတ်ပေးကြပါ
မြန် မာ sit တ-ပ် အား လေ ယာဉ်ဆီနှင့် စက်ကိရိယာများ ပံ့ပို-းပေးနေသည့် ကုမ္ပဏီ ၅ ခုကို ဗြိ တိ-န်ပိတ်ဆို့ ရေး ယူ