ဆုံးရှုံးလိုက်ရပြန်ပီ

မန္တလေးတိုင်း လွှတ်တော်ဥက္ကဋ္ဌ အိုးဘိုထောင်အတွင်း ကွယ်လွန်

ဧရာဝတီ၊ ဇွန် ၂၇၊ ၂၀၂၅

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထောင်ချခံထားရသည့် မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် ယနေ့မနက်ပိုင်း၌ မန္တလေး၊ အိုးဘိုထောင်အတွင်း ကွယ်လွန်ခဲ့ပြီး လက်ရှိတွင် မန္တလေးဆေးရုံကြီး ရင်ခွဲရုံသို့ ရောက်ရှိနေပြီဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။

ဦးအောင်ကျော်ဦးသည် စစ်တပ်အာဏာစသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာပင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ က၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အက်ဥပဒေပုဒ်မ ၂၅ တို့ဖြင့် ထောင်ဒဏ်စုစုပေါင်း ၅ နှစ်ချထားသည်။

ကွယ်လွန်ချိန်တွင်အသက် ၆၉နှစ်ရှိပြီဖြစ်ကာ ရောဂါကြီးကြီးမားမားမရှိဘဲ ရုတ်တရက် အမောဖေါက်၍ ထောင်ဆေးရုံ ပို့ဆောင်ပြီး နာရီပိုင်းအတွင်း ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးအောင်ကျော်ဦးသည် ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်တို့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD)မှ ပုသိမ်ကြီး မြို့နယ်၊ အမှတ် ၁ တိုင်းလွှတ်တော် မဲဆန္ဒနယ်မြေမှ ရွေးကောက်ပွဲ နှစ်ကြိမ်ဆက်တိုက် အနိုင်ရရှိခဲ့သူဖြစ်ပြီး မန္တလေးတိုင်း လွှတ်တော်ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ တရားလွှတ်တော် ရှေ့နေတဦးလည်း ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းကလည်း NLDပါတီ၏ ဒုဥက္ကဋ္ဌ ဖြစ်သူ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်သည် ကင်ဆာရောဂါဝေဒနာ ခံစားရင်း ထောင်တွင်းမှာပင် ကျန်းမားရေးဆိုးရွားကာ သေဆုံးခဲ့ရသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

Be the first to comment

Leave a Reply

Your email address will not be published.


*