မန္တလေး လူထုသပိတ်တိုက်ပွဲဦးဆောင်ခဲ့ပြီး လက်နက်ကိုင်တိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ခွန်စိုင်းရဲ့ ဈာပန
မေလ 3️⃣1️⃣ရက်
မန္တလေး၊ လုထုသပိတ်တိုက်ပွဲတွေမှာ ဦးဆောင်ခဲ့သူဖြစ်တဲ့ ရတနာပုံတော်လှန်ရေးတပ်ဖွဲမှ ရဲဘော် ခွန်စိုင်း (ခ) ဗိုလ်ဒေါင်းဟာ ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကြောင်းနဲ့ ဈာပန အခမ်းအနားကို မေ ၃၁ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို အဆိုပါတပ်ဖွဲက ဓာတ်ပုံမှတ်တမ်းအချိုနဲ့အတူ ထုတ်ပြန်ထားပါတယ်။
မဟာမိတ်တပ်တွေနဲ့အတူ ရန်သူကို တိုက်ခိုက်ချေမှုန်းရင်း မေ ၂၈ ရက်မှာ ကျဆုံးခဲ့တာကြောင့် ရဟန်းရှင်လူပြည်သူတွေနဲ့ ကျန်ရစ်သူရဲဘော်ရဲဘက်တွေက ဈာပနအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားမှာ ရဲဘော် ခွန်စိုင်းကို ဦးညွှတ်အလေးပြုခြင်း၊ တော်လှန်ရေးမဟာမိတ်တွေ ပေးပိုတဲ့ သဝဏ်လွှာတွေ ဖတ်ကြားခြင်းနဲ့ ကျန်ရစ်သူ ပြည်သူတွေက လွမ်းသူ့ပန်းခွေချခြင်းတို ပြုလုပ်ခဲ့ကြတယ်လို ဖော်ပြထားပါတယ်။
နိုင်ငံရေး တက်ကြွသူတဦးဖြစ်တဲ့ အသက် (၂၃)နှစ်အရွယ်သာ ရှိသေးတဲ့ ရဲဘော်ခွန်စိုင်းဟာ လူထုသပိတ်တိုက်ပွဲတွေကို ဦးဆောင်ခဲ့သူ တဦးအဖြစ် ပါဝင်ခဲ့တဲ့အပြင် လက်နက်ကိုင်တော်လှန်ရေးမှာလည်း အရွယ်နဲ့မမျှတဲ့ ခေတ်ဝန်ကိုထမ်းပြီး စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် ရတနာပုံတော်လှန်ရေးတပ်ဖွဲမှာ ဗဟိုကော်မတီဝင် တပ်မှူးအဖြစ် တတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်ခဲ့တယ်လို ဆိုပါတယ်။
စစ်အာဏာရှင်စနစ်ကို အသက်ပေးဆပ်ရတဲ့အထိ ကြိုးပမ်းတိုက်ထုတ်ခဲ့တဲ့ ရဲဘော် ခွန်စိုင်း (ခ) ဗိုလ်ဒေါင်းရဲ့ စိတ်ဓာတ်၊ လုပ်ရပ်နဲ့ ရပ်တည်ချက်တွေကို စံနမူနာယူပြီး လက်နက်ကိုင်တော်လှန်ရေးကို တတ်စွမ်းသမျှကြိုးပမ်း ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို ရတနာပုံတော်လှန်ရေးတပ်ဖွဲက အသိပေးထားတာ ဖြစ်ပါတယ်။
Leave a Reply