Uncategorized

ရောင်နီတွေ

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာတွင် တပ်စွဲနေသော စစ်သားများကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး ရန်ကုန်၊ ဇွန် ၃၀ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာ အတွင်း ဝင်ရောက်တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ၂ ရက်ဆက် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးခဲ့ ကြောင်း ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – YPPDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ဇွန်လ ၂၇ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင် ကျေးရွာအတွင်း အင်အား ၁၀၀ ဝန်းကျင်ဖြင့် ယာယီစခန်းချ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို တော်လှန်ရေး […]

Uncategorized

ဒီတိုင်းဆိုရင်တော့

မိုးမိတ်-တွင်းငယ် လမ်းပိုင်းကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီလို့ PLA ထုတ်ပြန်၊ မန္တလေးတိုင်းနဲ့ ရှမ်းမြောက် အဓိက ဆက်သွယ်တဲ့ လမ်းပိုင်းဖြစ်၊ မှူးအိန်ဂျယ်၊ထင်လင်း/MFP ၊ ဇွန်-၃၀ ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်မြို့ အနီးက ကင်းချောင်း တပ်စခန်းကို သိမ်းပိုက်ရရှိပြီးနောက် တွင်းငယ် – မိုးမိတ် လမ်းပိုင်းကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီလို့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် – PLA က ဒီနေ့ ဇွန်(၃၀)ရက်မှာ သတင်း ထုတ်ပြန်ပါတယ်။ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်မြို့နဲ့ ရှမ်းမြောက်က မိုးမိတ်မြို့ကို ဆက်သွယ်ထားတဲ့ တွင်းငယ် – မိုးမိတ် လမ်းပိုင်းကို ဒီနေ့ ဇွန်(၃၀)ရက်က စတင်ပြီး ပြည်သူ့လွတ်မြောက်ရေး တပ်မတော် – PLA၊ တအာင်း တပ်မတော် […]

Uncategorized

လမ်းမများပေါ်

ဆားလင်းကြီးမြို့နယ်တွင် သံဃာတော်များ ပတ္တနိက္ကုဇ္ဇန ကံဆောင် သံဃာသပိတ်ပြုလုပ် ရန်ကုန်၊ ဇွန် ၃၀ ဆားလင်းကြီးမြို့နယ်တွင် သံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင် သံဃာသပိတ်ပြုလုပ်ခဲ့ပြီး ပြည်သူများက ဝန်းရံခဲ့ကြကြောင်း သိရှိရသည်။

Uncategorized

သံတွဲ ငပလီ

သံတွဲ(ငပလီ)ဒေသကို ရခိုင်ပြည်နယ်ရဲ့ (၁၁) မြို့မြောက်အဖြစ်သိမ်းပိုက်နိုင်ဖို့ AA ထိုးစစ်အရှိန်မြှင့်နေ၊ စစ်ကောင်စီက လေကြောင်းကို သုံးပြီး အပြင်းအထန်ခုခံနေ ဇွန် ၃၀၊ ၂၀၂၄ ရခိုင်ပြည်နယ်၊ ငပလီ ဒေသတစ်ခုလုံးနဲ့ သံတွဲမြို့ကိုပါ အလုံးစုံသိမ်းပိုက်ထိန်းချုပ်နိုင်ဖို့ အာရက္ခတပ်တော် AA က ထိုးစစ်ကို အရှိန်မြှင့်နေတယ်လို့ AA ရဲ့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ ရခိုင်ပြည်နယ်တောင်ပိုင်းက သံတွဲမြို့နဲ့ ၃ မိုင်ဝန်းကျင်ကွာဝေးတဲ့ သံတွဲ(ငပလီ) လေဆိပ်အပါအဝင် သံတွဲတစ်မြို့လုံးကို သိမ်းပိုက်နိုင်ဖို့ အာရက္ခတပ်တော် (ရက္ခိုင့်တပ်တော် အေအေ)က ထိုးစစ်အရှိန်မြှင့်နေခြင်းလည်းဖြစ်ပါတယ်။ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ဂေါ့၊ မဇင်၊ ဂျိတ်တော၊ ဇီးဖြူကုန်းကျေးရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာကိုရွှေ့ပြောင်းနေကြပြီး စစ်ကောင်စီက ဧရာ၀တီတိုင်းဘက်ကို ထွက်တဲ့လမ်းကို ပြန်လည်ဖွင့်လှစ်ပေးထားလို့ မြို့အတွင်းလူမရှိသလောက် ဖြစ်နေပြီလို့ ဒေသခံတွေကဆိုပါတယ်။ တစ်ချိန်တည်းမှာပဲ […]

Uncategorized

ပူပူနွေးနွေး

စစ်ကောင်စီတပ်၏ ဗိုလ်မှူးအဆင့်မှ တပ်သားအဆင့်အထိ တပ်ဖွဲ့ဝင် ၅၃ ဦး TNLAထံ လက်နက်ချ အလင်းဝင် ရန်ကုန်၊ ဇွန် ၂၉ အကြမ်းဖက် စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်မှ တပ်သားအဆင့်အထိ တပ်ဖွဲ့ဝင် ၅၃ ဦး TNLAထံ လက်နက်ချ အလင်းဝင်ကြောင်း TNLA က ပြောဆိုသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ် နှင့် မိုးမိတ်မြိုနယ်တို့တွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကို ဇွန်လ ၂၅ရက်နေ့မှ စတင်ခဲ့ပြီး ဇွန်လ ၂၉ရက်နေ့အထိ စစ်ဆင်ရေး ​၅ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ ဝင် ဗိုလ်မှူးအဆင့်မှ တပ်သားအဆင့် တပ်ဖွဲဝင် ၅၃ ဦးလက်နက်ချအလင်းဝင်ခဲ့ကြောင်း သိရှိရသည်။ စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၁ ဦးအပါအဝင် […]

Uncategorized

ဒေါ်ဇင်မာအောင်

သြစတြေးလျနိုင်ငံ မဲလ်ဘန်းမြို့တွင် NUG ဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် လူထုတွေ့ဆုံပွဲ ပြုလုပ် ရန်ကုန်၊ ဇွန် ၃၀ သြစတြေးလျနိုင်ငံ မဲလ်ဘန်းမြို့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် လူထုတွေ့ဆုံပွဲကို ဇွန်လ ၂၈ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ အခမ်းအနားသို့ လူ့အခွင့်အရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ခွန်းဗဟန်းထန် လည်းပါဝင်တက်ရောက်ခဲ့ပြီး တက်ရောက်လာသော တိုင်းရင်းသားပြည်သူများက နွေဦးတော်လှန်ရေးနှင့်စပ်လျဉ်း၍ သိရှိလိုသည်များအား မေးမြန်းခဲ့ပြီး ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့က ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးပြောကြားခဲ့ကြောင်း၊ တိုင်းရင်းသားအက အလှများ၊ တော်လှန်ရေးသီချင်းများဖြင့်လည်း ဖျော်ဖြေခဲ့ကြောင်း သိရှိရသည်။

Uncategorized

ညီနောင်သုံး​ဖော် လူစုံပြီ​ဟေ့

သီပေါမြို့ကို မြောက်ပိုင်းမဟာမိတ်တပ်များက ဝိုင်းထားပြီး စစ်တပ်က ပြည်သူများကို ထွက်ပြေးခွင့်မပေးဘဲ လူသားဒိုင်းအဖြစ် အသုံးပြု၊ MNDAA တပ်အများစု သီပေါမြို့အနီးသို့ ရောက်ရှိလာ ရန်ကုန်၊ ဇွန်လ ၃၀ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို တော်လှန်ရေးတပ်ဖွဲ့များ ဝိုင်းထားပြီး စစ်ကောင်စီတပ်က မြို့နေပြည်သူများကို လူသားဒိုင်းကာအဖြစ်အသုံးပြုရန် ထွက်ခွင့်မပေးပဲ ပိတ်ဆို့ထားကြောင်း ဒေသ နေပြည်သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ၁၀၂၇ စစ်ဆင်ရေး မစတင်မီကလည်းက မြို့အဝင်၊ အထွက်လမ်းများကို အကြမ်း ဖက်စစ်ကောင်စီ တပ်က ဘူဒိုဇာဖြင့် ဖျက်ဆီးကာ ရေလမ်းကြောင်းတစ်ခု သာဖွင့်ပေးထားခဲ့ကြောင်း၊ ၁၀၂၇ စစ်ဆင် ရေးစတင်ခဲ့သည့် ဇွန်လ ၂၅ ရက်နေ့မှစတင်၍ မြို့နေပြည်သူများမှာ ရေလမ်းကြောင်းမှ ထွက်ပြေး တိမ်း ရှောင် နေကြရပြီး ဇွန်လ ၂၉ […]

Uncategorized

ယနေ့ ရွှေဈေးကြီး

“ဒီတစ်ပတ် ရွှေဈေး အတက်အကျ” (ဇွန် ၂၃ မှ ၂၉ ရက်အထိ) CJ Platform ကမ်ဘာ့ရွှေဈေးမြင့်တက်ချိန် တစ်သောင်းကျပ်တိတိ ပြန်ကျလာတဲ့ မြန်မာ့ရွှေဈေး ဈေးကွက်ဝယ်လိုအား၊ ရောင်းလိုအားပေါ် မူတည် ပြောင်းလဲနေတဲ့ မြန်မာ့ရွှေဈေးကွက်ဟာ ဒီတစ်ပတ်မှာတော့ ကမ်ဘာ့ရွှေဈေး အနည်းငယ်မြင့်တက်ခဲ့ပေမယ့် အနည်းငယ် ပြန်ကျလာခဲ့ပါတယ်။ ကျတယ်ဆိုပေမယ့် စစ်ကောင်စီဩဇာခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းရဲ့ ဈေးနှုန်းတွေထက် ခုနှစ်သိန်းခွဲကျော် များနေဆဲဖြစ်သလို ၁၆ ပဲရည်တစ်ကျပ်သား ၅၂ သိန်းခွဲ နီးပါးအထိ ရှိနေဆဲ ဖြစ်ပါတယ်။ ပြည်တွင်းရွှေဈေးကွက်ထဲ ပြီးခဲ့တဲ့အပတ်ကထက် ၁၅ ပဲရည် နဲ့ ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားဈေးနှုန်းတွေဟာ တစ်သောင်းကျပ်တိတိ သာတူညီစွာ ကျဆင်းလာခဲ့တာကို တွေ့ရပါတယ်။ ကမ်ဘာ့ရွှေဈေးကွက်ထဲ ပြီးခဲ့တဲ့အပတ် စနေမှာ တစ်အောင်စကို အမေရိကန် […]

Uncategorized

ကောင်းလိုက်တဲ့ သတင်း

မတူပီမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ပြီဟု ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့က ကြေညာ ရန်ကုန်၊ ဇွန် ၃၀ ချင်းပြည်နယ်၊ မတူပီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီးနောက် မတူပီမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ပြီဟု ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့က ဇွန်လ ၂၉ ရက်နေ့တွင် တရားဝင် ကြေညာသည်။ ၂၀၂၄ ခုနှစ်အတွင်း ချင်းပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ ကင်းစင်ရေ စစ်ရေးရည် မှန်းချက်နှင့်အညီ ချင်းညီနောင်သည် မဟာမိတ်အင်အားစုများ နှင့် ပူးပေါင်းကာ ချင်းညီနောင်စစ်ဆင်ရေး (Operation CB) မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်လျက်ရှိကြောင်း၊ မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင် မဟာမိတ်တပ်ဖွဲ့များဖြစ်သော အာရက္ခတပ်တော် AA ၊ Yaw Army ၊ Yaw Defense Force (YDF) တို့နှင့်ပူးပေါင်းကာ စစ်ဆင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည် ဇွန်လ […]

Uncategorized

မတူပီမှာ ကြွေတဲ့

🟦မတူပီမြို့သိမ်းတိုက်ပွဲတွင် CDF မင်းတပ်ရဲဘော်တဦးကျဆုံး ———- The Matupi Times ၊ ၂၉ ဇွန်၊ ၂၀၂၄ မတူပီမြို့ ၊ မတူပီ-ဟားခါးလမ်းရှိ ကျန်ရှိနေသေးသော စစ်ကောင်စီတပ်စခန်းတိုက်ပွဲဆက်လက်ဖော်ဆောင်နေစဉ် ‘ချင်းညီနောင်’မဟာမိတ်အဖွဲ့ဝင်၊ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) ရဲဘော်တဦး မြင့်မြတ်စွာကျဆုံးသွားကြောင်း သိရပါတယ်။ မတူပီ-ဟားခါးလမ်းရှိ စစ်ကောင်စီတပ်စခန်းများသိမ်းပိုက်စဉ် ဒီကနေ့ (ဇွန် ၂၉) အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ ချင်းညီနောင်မဟာမိတ်အဖွဲ့နဲ့စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ၌ ကျဆုံးခဲ့တာဖြစ်ကြောင်းသိရပါတယ်။ ချင်းညီနောင်မဟာမိတ်အဖွဲ့ဟာ ဒီကနေ့ ဇွန်လ(၂၉)ရက်နေ့၌ မတူပီမြို့ရှိ၊ စကစတပ်စခန်းအားလုံးကို သိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။ ဒီကနေ့သိမ်းပိုက်နိုင်ခဲ့သည့် စကစစခန်းသိမ်းတိုက်ပွဲများတွင် ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်များမှ ရဲဘော်အချို့သည် ရှေ့တန်းတိုက်ပွဲတွင် မြင့်မြတ်စွာအသက်ပေးလှူသွားကြကြောင်းသိရပါတယ်။ #fallenheros #The_Matupi_Times #operationcb ဓာတ္ပုံ-The Mindat Post