Uncategorized

ဒီလိုကြည်နူးစရာ မြင်ကွင်း

PDF စစ်ကြောင်းများ NUGကာကွယ်ရေးဒုဝန်ကြီး ကွင်းဆင်းစစ်ဆေး

မောင်မောင်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ် ရေး ဒုဝန်ကြီးနိုင်ကောင်းရွက်သည် တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ (၃)သို့ သွားရောက်စစ်ဆေးခဲ့ကြောင်း NUGကာကွယ်ရေးက ထုတ်ပြန်သည်။

ဒုဝန်ကြီးသွားရောက်ခဲ့သည့် နေရာဒေသနှင့် အချိန် စသည့် အသေးစိတ်အချက်အလက်များ ဖော်ပြမထားသော်လည်း တောင်ပိုင်းစစ်ဒေသ စစ်ဒေသခွဲ(၃)ရှိ PDF စစ်ကြာင်းကို သွားရောက် စစ်ဆေးခဲ့သည်ဟု အသိပေးသည်။

ခရီးစဉ်အတွင်း တောင်ပိုင်းစစ်ဒေသတွင် စစ်ဆင်ရေးဝင်လျက်ရှိသော PDFစစ်ကြောင်းများကို စစ်ဆေးခြင်း၊ တိုက်ပွဲဝင် တော်လှန်ရေးရဲဘော်များအား စိတ်ဓာတ်ခွန်အားပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ကာကွယ်ရေးဒုဝန်ကြီးနှင့်တော်လှန်ရေးရဲဘော်များ တွေ့ဆုံခဲ့မှု မှတ်တမ်းဓာတ်ပုံများကိုလည်း ဖော်ပြသည်။

NUGလက်အောက်ခံ PDFတပ်ရင်းများ၊ စစ်ကြောင်းများသည် ဒေသခံတိုင်းရင်းသားတော်လှန်ရေး အင်အားစုများဖြင့် ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိရာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်သည် KIA ဦးစီးဖော်ဆောင်နေသည့် မြန်မာနိုင်ငံမြောက်ပိုင်း စစ်ဆင်ရေးများ၏ ရှေ့တန်းစစ်မြေပြင်၌ တွေ့ရသကဲ့သို့ ဒုဝန်ကြီးသည်လည်း တောင်ပိုင်းစစ်ဒေသအတွင်းရှိ စစ်ရေးနယ်မြေများသို့ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

ဓာတ်ပုံ – MOD

Leave a Reply

Your email address will not be published. Required fields are marked *