Uncategorized

အာရှမှာ တစ်ကွက်ပြလိုက်တဲ့

တောင်ကိုရီးယားနိုင်ငံတွင် ၄၄-နှစ်မြောက် ဂွမ်ဂျူးပြည်သူ့အရေးတော်ပုံ အခမ်း အနားသို့ NUG ဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်၍ မြန်မာ့နွေဦးတော် လှန်ရေးအခြေအနေဆိုင်ရာ မိန့်ခွန်းပြောကြား

ရန်ကုန်၊ မေ ၁၆

တောင်ကိုရီးယားနိုင်ငံတွင် ဂွမ်ဂျူး ၅.၁၈ ဖောင်ဒေးရှင်းက ပြုလုပ်သည့် ၄၄-နှစ် မြောက် ဂွမ်ဂျူးပြည်သူ့အရေးတော်ပုံ အခမ်းအနားသို့ အမျိုးသားညီညွတ် ရေး အစိုးရ NUG ဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်၍ မြန်မာ့နွေဦးတော် လှန်ရေးအခြေအနေဆိုင်ရာ မိန့်ခွန်းပြောကြားကြောင်း သိရှိသည်။

NUG နိုင်ငံခြားရေးဝန်ကြီး၏ မိန့်ခွန်းတွင် နွေဦးတော်လှန်ရေး ရည်မှန်းချက်နှင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ သဘောတူညီချက်၊ တော် လှန်ရေး၏ လက်ရှိအခြေအနေနှင့် နိုင်ငံတကာမှ ထောက်ပံ့ကူညီမှု လိုအပ်ချက်များကို ရှင်းလင်းပြောဆိုခဲ့ကာ ကိုရီးယားနိုင်ငံ ဒီမိုကရေစီသမိုင်းတွင် ဂွမ်ဂျူးအရေးတော်ပုံ၏ အ‌ရေးပါမှုကို လေးစားအားကျရသလို မြန်မာ့ဒီမိုကရေစီရေး သမိုင်းတွင်လည်း နွေဦးတော်လှန်ရေး၏ အရေးပါမှုကို ကမ်ဘာက သိစေလိုကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရှိရသည်။

၄၄-နှစ် မြောက် ဂွမ်ဂျူးပြည်သူ့အရေးတော်ပုံ အခမ်းအနားသို့ ကိုရီးယားနိုင်ငံရှိ နိုင်ငံရေးပါတီများ၊ ဒီမိုကရေးစီရေးဆိုင်ရာ အဖွဲ့အစည်းများ၊ နိုင်ငံတကာ တက်ကြွလှုပ်ရှားသူများ ၊ အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္႑ာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင် လည်း တက်ရောက်ခဲ့ကြောင်း ၊ ထို့ပြင် ဒါရိုက်တာ နွေဦးငြိမ်း ၏ CDM ဝန်ထမ်းများ၏ တွန်းလှန် ရုန်းကန်နေသော ဘဝများကို ရိုက်ကူးထားသည်လ မှတ်တမ်းရုပ်ရှင် ၄ ခုကို ပြသခဲ့ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *