Uncategorized

စစ်ကောင်စီတပ်မှ ၁၇ဦးသေဟု KNU အသိပေး

ဖာပွန်ခရိုင်တွင် ​​မေလ ၁၅ ရက်အတွင်း တိုက်ပွဲများ၌
စစ်ကောင်စီတပ်မှ ၁၇ဦးသေဟု KNU အသိပေး

မောင်မောင်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မ
ဟာ(၅)နယ်မြေ၌ ယခုမေလ အတွင်း တိုက်ပွဲ ၄၆ကြိမ် ဖြစ်ပွားခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

မေလ(၁)ရက်နေ့မှ မေလ(၁၅)ရက်နေ့အထိ တပ်မဟာ(၅) ပူးပေါင်းတပ်နှင့် စစ်ကောင်စီအကြား တိုက်ပွဲများ၌ စစ်ကောင်စီဘက်က ၁၇ဦးသေဆုံးကာ ၇ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြသည်။

တိုက်ပွဲဖြစ်ပွားစဉ်အတွင်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု၊ ဒရုန်း တိုက်ခိုက်မှု၊ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်သကဲ့သို့ တိုက်ပွဲမရှိသော်လည်း ရပ်ရွာများကို ပစ်မှတ်ထားပြီး ထိုသို့ လေကြောင်း၊ လက်နက်ကြီး ၊ ဒရုန်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ဟု အသိပေးသည်။

ထိုသို့ တိုက်ခိုက်ခဲ့၍ ပြည်သူလူထု နေအိမ်နှင့် စပါးကျီများထိခိုက်ပျက်စီးမှု ရှိခဲ့ပြီး စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူ ၂ဦး သေဆုံးကာ ၁၀ဦး ဒဏ်ရာရခဲ့သည်ဟု သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် KNU တပ်မဟာ(၃)
နယ်မြေ ညောင်လေးပင်ခရိုင်အတွင်း၌လည်း ပြည်သူလူထုများကို ပစ်မှတ်ထား တိုက်ခိုက်သည့် တိုက်ခိုက်မှု ဆက်လက်ပြုလုပ်ခဲ့ဟု KNU ဗဟိုက ​ဖော်ပြသည်။

ညောင်လေးပင်ခရိုင် မူး(မုန်း)မြို့နယ်နှင့် လယ်ဒို(ကျောက်
ကြီး)မြို့နယ်အတွင်းစစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှု၊ မြေမြှုပ်မိုင်း ထောင်ထားမှုတို့ကြောင့် အရပ်သားသေဆုံးထိခိုက်မှုများထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

(ဖာပွန်မြို့ရှိ စစ်​ကောင်စီ​၏ အမှတ် (၁၉)​ခြေလျင်တပ်ရင်ူကို​တော်လှန်​ရေးတပ်များကသိမ်းပိုက်ပြီး​နောက်​တွေ့ရစဉ်။
ဓါတ်ပုံ-​တောင်ပိုင်းစစ်​ဒေသ)

Leave a Reply

Your email address will not be published. Required fields are marked *