Uncategorized

စစ်တပ်ဘက်မှ ၁ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရ (ရုပ်/သံ)

ရေစကြိုမြို့နယ်၊ ဂွေးချိုရွာရှိ ပျူစောထီး စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရ (ရုပ်/သံ)

ရန်ကုန်၊ မေ ၁၅

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဂွေးချိုရွာရှိ ပျူစောထီး စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၁ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြိုင်ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၁၃ ရက်နေ့ နံနက် ၉ နာရီခန့်မှ ညနေ ၅ နာရီခန့်အထိ ရေစကြိုမြို့နယ်၊ ဂွေးချိုရွာရှိ ပျူစောထီးစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် အီနာဂါ ဗုံးသီး ၁၃ လုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ မေလ ၁၄ ရက်နေ့တွင် ဂွေးချိုရွာရှိ ပျူစောထီးစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ထပ်မံပြီး အီနာဂါ ဗုံးသီး ၁၅ လုံး၊ ၁ ကီလိုဂရမ် ဗုံးသီး ၂၈ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း ဂွေးချိုရွာ ပျူစောထီး ခေါင်းဆောင် သင်္ကန်းဝတ် ၁ ဦး၏ နောက်လိုက် ဖြစ်သူ သောင်းနိုင်လင်း သေဆုံးကာ စစ်သားနှင့် ပျူစောထီး ၁၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *