Uncategorized

စစ်သား ၆ ဦးသေဆုံး

မုံရွာမြို့နယ်၊ တောင်ပလူရွာကို ရိက္ခာလာပို့သည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၉

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောင်ပလူရွာကို ရိက္ခာလာပို့သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း Mahura People Defence Force – MHRPDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၈ ရက်နေ့တွင် မုံရွာမြို့နယ်၊ တောင်ပလူရွာကို ရိက္ခာလာပို့သည့် အင်အား ၁၅ ဦးပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက တောင်ပလူရွာအနီးတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းကြားဖြတ် တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၆ ဦးသေဆုံးပြီး စစ်တပ်ဘက်မှ လေကြောင်း ပစ်ကူ ရောက်ရှိလာသောကြောင့် တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ရပြီး လက်နက်များ ကောက်ယူနိုင်ခြင်း မရှိကြောင်း သိရှိရသည်။

“တောင်ပလူရွာနားမှာ ကြားဖြတ် တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး ၆ ကောင်သေပါတယ်။ ပိုကြမ်းတဲ့ တိုက်ပွဲတွေ ဆင်နိုင်ဖို့ ကျွန်တော်တို့ အဖွဲ့က Project လေးပြုလုပ်ထားပါတယ်။ စက်လက်ဝယ်နိုင်ဖို့ Project လေးပါ ၁ လကျော်ကြာပါပြီ အောင်မြင်မှု ရာခိုင်နှုန်းက နည်းနေသေးလို့ပါ” ဟု Mahura People Defence Force – MHRPDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)၊ မုံရွာခရိုင်အမှတ် ၂၅ တပ်ရင်း ၊ တပ်ခွဲ(၁) ၊ တပ်ခွဲ(၂) ၊ တပ်ခွဲ(၄) ၊ တပ်ခွဲ(၅) MHRPDF၊ ပကဖ ၊ LPDF တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *