Uncategorized

ပျော်လိုက်ကြဦး အမျိုးတို့ ထပ်သိမ်းလိုက်ပြန်ပီ

တနင်္သာရီ-ဘုတ်ပြင်းလမ်းပိုင်းရှိ စစ်​ကောင်စီ၏ ၁၀၂၀ စခန်းကုန်းကို ​တော်လှန်​ရေးတပ်များသိမ်းပိုက်

ဇော်ရမ်း/People’s Spring

တနင်္သာရီ-ဘုတ်ပြင်းလမ်းပိုင်းရှိ ၁၀၂၀ စခန်းကုန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကယနေ့(မေလ၁၁)
နေ့လယ်ပိုင်း၌ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

၁၀၂၀ စခန်းကုန်းကို ဧပြီ ၃၀ ရက်နေ့မှစ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

” ၁၀၂၀ကို ရပါပြီ။မကြာခင်တရားဝင်သတင်းထုတ်ပြန်လာပါလိမ့်မယ်”ဟုPDFတစ်ဦးကပြောသည်။

၁၀၂၀ စခန်းကုန်းကို တိုက်ခိုက်စဉ် မေ ၂ ရက်နေ့ မှစ၍ ​မေ ၁၁ ရက် နံနက်အထိ စစ်ကောင်စီတပ်ကလေကြောင်းမှ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

တနင်္သာရီတိုင်းအတွင်း၌ စစ်ကောင်စီစခန်းများကို တော်
လှန်ရေးတပ်များက ဆက်တိုက်ထိုးစစ်ဆင်တိုက်ခိုက် သိမ်း
ယူနေသည်။

တနင်္သာရီမြို့နယ်၊သိနေ္ဒာရွာရှိစစ်ကောင်စီ ၏တပ်စခန်း
ကို ဧပြီလ ၂၃ ရက်မှစ၍ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁) မှတိုက်ခိုက်ခဲ့ပြီး မေလ ၈ ရက်တွင် သိမ်းယူခဲ့သည်။

အလားတူသရက်ချောင်းမြို့နယ် အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ပဲဒက်ကျေးရွာ စစ်ကောင်စီတပ်စခန်းနှင့် ကျောက်ဆည်ကျေးရွာအတွင်းရှိ ပျူစောထီးစခန်းကိုလည်း ​တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကမေလ ၄ ရကိမှစတင်တိုက်ခိုက်ပြီး ​မေ ၈ ရက်တွင်သိမ်းပိုက်နိုင်ခဲ့သည်။ပဲဒက်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်၂၆ဦးကို အရှင်ဖမ်းမိခဲ့သည်။

ပဲဒက်စခန်းအား ပြန်ယူနိုင်ရေးအတွက် စစ်ကောင်စီကလည်း ကြည်း‌ ရေ လေအင်အားသုံး၍ တိုက်ခိုက်ရန်ကြိုးစားနေသလို ​တော်လှန်ရေးတပ်များကလည်း နယ်မြေစိုးမိုးရေး၊ ပြည်သူ့ကာကွယ်ရေးလုပ်ငန်းစဉ်များ ဆက်တိုက်လုပ်ဆောင်ခြင်းနှင့် ထားဝယ်ခရိုင်အပါအဝင် တနင်္သာရီ
တိုင်းအတွင်း စခန်းသိမ်းတိုက်ပွဲများ ဆက်တိုက်ဖော်ဆောင်ခြင်းတို့ ပြုလုပ်နေပါသဖြင့် ပြည်သူများ စစ်ရေးသတိရှိကြရန် နှင့် လေကြောင်းရန်ကာကွယ်ရေးလုပ်​ဆောင်ရန်များ လိုက်နာကြရန် မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁) သတိပေးထားသည်။

ထို​ကြောင့်​တော်လှန်​ရေးတပ်များက ​လေးရက်အတွင်းစစ်စခန်း ၃ ခုကိုသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

PDF များအပါအဝင် ​တော်လှန်​ရေးပူး​ပေါင်းတပ်များသည် ​မေ ၁၁ ရက်တွင် တမူးမြို့နယ်ရှိ မြို့သစ်မြို့ကိုလည်း တိုက်
ခိုက်သိမ်းယူနိုင်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *