Uncategorized

PDF ရဲဘော်လေးဦးအပါအဝင် ခြောက်ဦးကျဆုံး

ဒီပဲယင်းမြို့နယ် မန်ကျည်းအုပ်ရွာစာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရပြီး PDF ရဲဘော်လေးဦးအပါအဝင် ခြောက်ဦးကျဆုံး

အောင်ဇေယျ/People’s Spring

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မန်ကျည်းအုပ် ကျေးရွာရှိ စာသင်ကျောင်းအား လေကြောင်းတိုက်ခိုက်ရာ PDF ရဲဘော်လေးဦးအပါအဝင် ခြောက်ဦးကျဆုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (မေလ ၁၁ ရက်) နေ့လယ် ၂နာရီခန့်က တံတားဦး​မှတက်လာသည့် ဂျက်ဖိုက်တာတစ်စီး သည် မန်ကျည်းအုပ်ကျေးရွာ စာသင်ကျောင်းအား လေကြောင်းမှ ပေါင် ၅၀၀ဗုံး​ လေးလုံးကြဲချတိုက်ခိုက်ခဲ့ရာ ရဲဘော် လေးဦး၊ ပြည်သူ နှစ်ဦး သေဆုံးပြီး ရဲဘော်နှင့်ပြည်သူ စုစုပေါင်း ၁၇ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ဒဏ်ရာရတဲ့သူတွေထဲမှာ ခြေထောက်ဖြတ်ပစ်မယ့်သူတွေလည်းရှိတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

စာသင်ကျောင်း၌ PDFများ ဒရုန်းသင်တန်းပြုလုပ်နေစဉ် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း PDF ရဲဘော်အချို့က ပြောသည်။

စစ်ကောင်စီက ထပ်မံတိုက်ခိုက်လာနိုင်၍ ပြည်သူများလူစုလူဝေးမပြုလုပ်ရန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတိပေးထားသည်။

ပြီးခဲ့သည့် ဧပြီ ၁၇ရက်ကလည်း ဒီပဲယင်းမြို့နယ်၊ အင်းတန်းကျေးရွာအနီး၌ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့သေးသည်။

Leave a Reply

Your email address will not be published. Required fields are marked *