Uncategorized

စစ်တပ်ဘက်မှ ဗိုလ်ကြီး ချစ်ခိုင် အပါအဝင် ၁၂ ဦးသေဆုံး

မတ္တရာမြို့၊ တံငါကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ဗိုလ်ကြီး ချစ်ခိုင် အပါအဝင် ၁၂ ဦးသေဆုံး

■လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိသော်လည်း ဗိုလ်ကြီးချစ်ခိုင်၏ ပစ္စတို သေနတ်မှာ ကော်စေ့ သေနတ်ဖြစ်နေ

ရန်ကုန်၊ မေ ၁၀

မန္တလေးတိုင်း၊ မတ္တရာမြို့၊ တံငါကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ဗိုလ်ကြီး ချစ်ခိုင် အပါအဝင် ၁၂ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်သည်။

မေလ ၁၀ ရက်နေ့ နံနက် ၅ နာရီအချိန် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က မတ္တရာမြိုမြောက်ဘက် ၂ မိုင်အကွာရှိ တောင်တံငါကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီအထိုင်စခန်းငယ်ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး နံနက် ၅ နာရီ ၄၅ မိနစ်အချိန်တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တောင်တံငါကျေးရွာ အထိုင်စခန်းငယ်သည် မတ္တရာမြိုမှ စဥ့်ကူးဘက်သို အထွက်တွင်တည်ရှိပြိး ၊ မတ္တရာမြိုနှင့် ရေနံ့သာကျေးရွာကြား၌ ပြည်သူများထံမှ အဓမ္မငွေကြေးများ ကောက်ခံနေသော စစ်ကောင်စီစခန်းဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း Drone Jammer (၁)လတ် ၊ လက်နက်ခဲယမ်းအများအပြားနှင့် ဗိုလ်ကြီး ချစ်ခိုင် အပါအဝင် စစ်သားအလောင်း ၁၂ လောင်းခန့်ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ထို့ပြင် တိုက်ပွဲအတွင်း စစ်သားများ ကစဥ့်ကလျားထွက်ပြေးသူများလည်း အများအပြားရှိခဲ့ကြောင်း ၊ အဆိုပါ တိုက်ပွဲ၌ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ဘက်မှ ရဲဘော်၁ ဦး ကျဆုံးကြောင်း သိရှိရသည်။

လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိသော်လည်း ဗိုလ်ကြီး ချစ်ခိုင် ကိုင်ဆောင်သော ပစ္စတိုသည် ကလေးကစားစရာ ပလက်စတစ်ကော်စေ့သေနတ် ဖြစ်နေကြောင်း သတင်းထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *