Uncategorized

စစ်တပ်ဘက်မှ ၉ ဦးသေဆုံး

မလှိုင်၊ သပိတ်ကျင်းနှင့် တောင်သာ မြို့နယ်ရှိ စစ်တပ်က တပ်စွဲထားသော နေရာများနှင့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၉ ဦးသေဆုံး

ရန်ကုန်၊ မေ ၁၀

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်နှင့် တောင်သာမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်တပ် ဘက်မှ ၉ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း (27 Revolution Forces) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၈ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မလှိုင်မြို့နယ် သက်ကယ်ချင်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၉ လုံးချကျဲကာ မြေပြင်မှ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၉ ဦးကာ ထိခိုက် ဒဏ်ရာရရှိသူ များပြားကြောင်း သိရသည်။

ထို့ပြင် တောင်သာမြို့နယ်၊ ပဲခင်းကျော် ကျေးရွာအား စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မေလ ၈ ရက်နေ့တွင် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုတွင် မြင်းခြံခရိုင် အမှတ် ၁တပ်ရင်း (27 Revolution Forces) ၊ မြင်းခြံခရိုင်တပ်ရင်းအမှတ် ၂ ၊ မြင်းခြံခရိုင်တပ်ရင်းအမှတ် ၃ ၊ မြင်းခြံခရိုင်တပ်ရင်းအမှတ် ၄ ၊ မြင်းခြံခရိုင်တပ်ရင်းအမှတ် ၈ ၊ မလှိုင် ပကဖ နှင့် Tiger Brother မြစ်သား PDF တို့က ပူးတွဲ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်း ၊ သပိတ်ကျင်းမြို့နယ်ရှိ ၄ မိုင်ရွာ အနီး တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားမျာကို မေလ ၇ ရက်နေ့ တွင် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Northern Tigers Group (Drone Team) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Northern Tigers Group (Drone Team) ၊ ဂဠုန်ကြီး ပြည်သူ့ကာကွယ်ရေး အဖွဲ့နှင့် ဗိုလ်လင်းယုန် ပြည်သူ့ကာကွယ်ရေး အဖွဲ့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *