Uncategorized

ဒီနေ့ အတွတ် အထူး မင်္ဂလာသတင်းကောင်းလာပြီ

ကျောက်ဆည်ကျေးရွာတိုက်ပွဲ စစ်ကောင်စီတပ်သားခြောက်ဦး အရှင်ဖမ်းမိ၊ လက်နက် ၁၀လက်ရ

မောင်မောင် /People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ထားဝယ် ခရိုင် သရက်ချောင်းမြို့နယ် ကျောက်ဆည် ကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းရခဲ့ဟု KNU တပ်မဟာ(၄)က ယနေ့ ထုတ်ပြန်သည်။

မေလ ၅ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းကို ကရင်ဘာသာဖြင့်ဖော်ပြခဲ့ရာ KNU ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ဘာသာပြန်ရှင်းပေးသည်။

“ဒီစာက ဟိုး ၅ရက်နေ့မှာ အဲဒီပူးပေါင်းစစ်ကြောင်း အဲဒီဖက်ဒရယ်စစ်ကြောင်းနဲ့ ဒေါင်းညီနောင်စစ်ကြောင်းက ကျောက်ဆည်ပြည်သူ့စစ်စခန်းမှာ သွားတိုက်တယ်။ ၂ယောက် သေတယ်။ အဲဒီ ၆ယောက် အရှင်ဖမ်းမိတာပေါ့။ ပြီးတော့ လက်နက်က M16 တစ်လက် ၊ ကာဘိုင် ၃လက်နဲ့ AK ၆လက်ရတာပေါ့”ဟု ပဒိုစောအယ်နားက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ အရှင်ဖမ်းဆီးရရှိမှု ၊လက်နက်ခဲယမ်းများရရှိမှု မှတ်တမ်းဓာတ်ပုံကိုလည်း ထုတ်ပြန်ထားသည်။

KNU တပ်မဟာ(၄)နယ်မြေတွင် စစ်ကောင်စီတပ်များကို တိုက်ခိုက်သည့် စစ်ဆင်ရေးများ အရှိန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယခု၂၀၂၄ နှစ်ဆန်ပိုင်းအတွင်း စစ်ကောင်စီတပ် စစ်ကြောင်းများ၊ စစ်ယာဉ်တန်းများ၊ စစ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်ခဲ့သည်။

တိုက်ပွဲအတွင်း အထိနာသည့် စစ်ကောင်စီက တပ်ရင်းအလိုက် လက်နက်ချမှု၊ တပ်ရင်းအလိုက် စခန်းစွန့် ထွက်ပြေးမှုများလည်း ရှိခဲ့သည်။

(ကျောက်ဆည်ကျေးရွာတိုက်ပွဲအတွင်း ဖမ်းမိသော စစ်ကောင်စီတပ်သားခြောက်ဦးနှင့် လက်နက် ၁၀လက်အား တွေ့ရစဉ်။ ဓာတ်ပုံ – Kwe Ka Lu News)

Leave a Reply

Your email address will not be published. Required fields are marked *