Uncategorized

ဒီနေ့ ပျော်ရပြန်ပြီ ဆိုးအောက်

သိမ်းပိုက်ရရှိခဲ့သည့် ဧရာ၀တီမြစ်ကူးစင်းခန်းတံတားရှေ့၌ KIA ရဲဘော်များ အောင်ပွဲခံ

▪️မိုးမောက်နှင့် မံစီမြို့ရှိ ရဲစခန်းများအပါအဝင် စခန်း ၈ခုထက်မနည်းကို KIA ယနေ့ သိမ်းပိုက်

ဟန်နွေ/People’s Spring

ဗန်းမော်မြို့နယ်ရှိ ဧရာ၀တီမြစ်ကူးတံတား (စင်းခန်း)ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ သိမ်းပိုက်ရရှိခဲ့ပြီး အဆိုပါ တံတားရှေ့၌ ရဲဘော်များ အောင်ပွဲခံခဲ့သည့် မှတ်တမ်းဓာတ်ပုံကို KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြခဲ့သည်။

အဆိုပါတံတားကို KIAက ယနေ့နံနက်အစောပိုင်း၌ ထိုးစစ်ဆင်ခဲ့ပြီး အချိန်တိုအတွင်း သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

“စင်းခန်းရွာရှိ စခ စခန်းအားလုံးနဲ့ စင်းခန်းတံတားကို သိမ်းပိုက်ရရှိပါပြီ”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

တံတားရှေ့၌ KIA ရဲဘော်များ ကချင်အလံနှင့်အတူ အောင်ပွဲခံနေသည့် ဓာတ်ပုံကိုလည်း စစ်ရေးသတင်းရင်းမြစ်က ပြသသည်။

KIAအနေဖြင့် စင်းခန်း မြစ်ကူးတံတားစောင့် စခန်းနှင့် တာဝါတိုင်စခန်း ၂ခုကို သိမ်းယူနိုင်ခဲ့သည့်အပြင် ဝိုင်းမော်မြို့နယ်ရှိ ပြည်သူ့စစ်စခန်း ၃ခု၊ မိုးမောက်မြို့နယ်ရှိ ရဲစခန်း၊ ဗန်းမော် – မံစီကြားရှိ မံရွတ်စခန်း၊ မံစီမြို့မစခန်းတို့ကို ယနေ့ မေလ ၇ရက်တွင် သိမ်းယူနိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က အသိပေးထားသည်။

KIAသည် ပြီးခဲ့သည့် ရက်ပိုင်းများကလည်း လည်း ဝိုင်းမော်၊ ချီဖွေ၊ ဆွမ်ပရာဘွမ် မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၁၅ခုခန့်ကိုလည်း သိမ်းပိုက်ထားခဲ့ပြီးဖြစ်ရာ မေလပထမပတ်အတွင်း စစ်ကောင်စီတပ်စခန်း စုစုပေါင်း ၂၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

(သိမ်းပိုက်ရရှိခဲ့သည့် ဧရာ၀တီမြစ်ကူးစင်းခန်းတံတားရှေ့၌ KIA ရဲဘော်များ အောင်ပွဲခံနေစဉ်။ ဓာတ်ပုံ – ကချင်တောင်တန်း)

Leave a Reply

Your email address will not be published. Required fields are marked *